Latest News
နောက်ဆုံးရသတင်းများ
နေပြည်တော်တွင် အပေးအယူရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းများ ဆက်လက်ရိုက်ကူး
22/05/19
ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးလျက်ရှိသော အပေးအယူ ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းများကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ လမ်းမကြီးပေါ်နှင့် မင်္ဂလာသီရိဟိုတယ်တွင် ဆက်လက်ရိုက်ကူးလျက်ရှိသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်အကြို အခြေခံပညာဦးစီးဌာနမှ သတင်းစာရှင်းလင်းပွဲကျင်းပ
22/05/19
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်အကြို သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အမှတ်(၁) ပေါက်တံတားပေါ်မှ ပေါက်ရွှေပြည်ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ယောချောင်းအတွင်း ပြုတ်ကျ
22/05/19
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ပေါက်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးဇော်မင်းထက် မောင်းနှင်လာသော ပေါက်ရွှေပြည်ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းက အမှတ်(၁) ပေါက်တံတားအပေါ်တွင် ကားဘယ်ဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိ်ုင်၍ တံတားတိုင်အမှတ် P3 နှင့် P4 အကြား တံတားဘယ်ဘက်ခြမ်းရှိ လက်ရန်းတိုင်များအား ဝင်တိုက်မိပြီး တံတားအောက် အနက်ပေ ၁၅ ခန့်ရှိ ယောချောင်းအတွင်းသို့ ပြုတ်ကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုများချီးမြှင့်ပွဲ ကျင်းပ
22/05/19
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ ၅ နာရီက မြို့မအားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ မေ ၂၅၊ ၂၆ ရက် ကျင်းပမည်
22/05/19
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ကို မေ ၂၅၊ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရန်ကုန်၊ ချန်ပီယံဟောင်း ရှမ်းယူနိုက်တက်နှင့် ယခုရာသီတွင် ခြေစွမ်းရော ရလဒ်ပါကောင်းမွန်နေသည့် စစ်ကိုင်းနှင့် ရခိုင်အသင်းတို့ တက်ရောက်လာသည်။
စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မသန်စွမ်းသူများ ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ထန်တလန်၌ ကျင်းပ
22/05/19
ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မသန်စွမ်းသူများ ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက ထန်တလန်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့၍ ဓားရှည်များကိုင်ဆောင်ကာ လုယက်မှု ကျူးလွန်သူများအား အသွင်ယူ ဖမ်းဆီးရမိ
22/05/19
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ညအချိန်များတွင် ဓားရှည်များကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့ လုယက်မှုကျူးလွန်ခဲ့သူ ငါးဦးအား အသွင်ယူ ဖမ်းဆီးရခဲ့မိကြောင်း ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ သိရသည်။
စက်ရေတွင်းပျက်မှုကြောင့် သောက်သုံးရေ ရှားပါးပြတ်လတ်မှုပြဿနာ ရင်ဆိုင်နေရသည့် ညောင်ဦးမြို့နယ် မြေနီကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
22/05/19
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြေနီကျေးရွာတွင် စက်ရေတွင်း ပျက်မှုကြောင့် သောက်သုံးရေ ရှားပါးပြတ်လတ်မှုပြဿနာ
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ဗိသုကာ၊ ပန်းချီပညာရှင်များ ပူးပေါင်း၍ ပြပွဲကျင်းပမည်
22/05/19
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ဗိသုကာ ဦးအောင်စိုးမြင့်၊ ပန်းချီ ဦးထိန်လင်းတို့၏ Found: Our Heritage, Our Future အမည်ရသော ပြပွဲအသစ်ကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံးတွင် မေ ၂၅ ရက်မှစတင်၍ အများပြည်သူလေ့လာနိုင်ရန် ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရသည်။
ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စု၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ
22/05/19
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က