Latest News
နောက်ဆုံးရသတင်းများ
ထိုင်းနိုင်ငံအခြေစိုက် ထုတ်ကုန်ပစ္စည်း အမျိုးအမည်ပေါင်း ၁၅၀ ကျော် ခင်းကျင်းပြသရောင်းချ
17/05/19
ရန်ကုန် ၁၇ မေ
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရေရှားပါးသည့် ကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းပေး
17/05/19
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လူမှုအသင်းအဖွဲ့များတို့၏ အစီအစဉ်ဖြင့် သောက်သုံးရေများ သွားရောက် လှူဒါန်းပေးလျက်ရှိရာ မေလ ၁၇ ရက် ညနေ ၃ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဟိန်းဝေစံ ကုမ္ပဏီတို့ပူးပေါင်း၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စု ဒေါဆိုရှေ့ကျေးရွာများသို့ သောက်သုံးရေများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့ဆေးရုံ၌ အရေးပေါ် သွေးလိုအပ်နေသည့် လူနာအတွက် ဇီဝိတဒါန သွေးလှူဒါန်း
17/05/19
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် သွေးအားနည်းပြီး သွေးအန်ရောဂါဖြင့် ဆေးကုသမှု ခံယူနေသည့် စေတုတ္တရာမြို့နယ် .............
မြန်မာ့စတော့ရှယ်ယာဈေးကွက်အပေါ် ရှုမြင်သုံးသပ်ချက်နှင့် ဦးတည်ရာ (၂၀၁၉) ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
17/05/19
မြန်မာ့စတော့ရှယ်ယာဈေးကွက်အပေါ် ရှုမြင်သုံးသပ်ချက်နှင့် ဦးတည်ရာ (၂၀၁၉)ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် ကျင်းပခဲ့သည်။
ရွှေကြက်ယက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ရှေးမူမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပ
17/05/19
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ရွှေကြက်ယက်၊ ရွှေကြက်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားနှစ်ဆူ၏ နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိသော
ထီးလင်းမြို့နယ် မြောင်းကြီးကျေးရွာသို့ သောက်သုံးရေများ သွားရောက် လှူဒါန်း
17/05/19
နွေရာသီ အပူရှိန်မြင့်မားလာမှုကြောင့် သောက်သုံးရေ ရှားပါးလျက်ရှိသော မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အုံးနှောက်ကျေးရွာအုပ်စု မြောင်းကြီးကျေးရွာသို့ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
17/05/19
ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)တွင် မေ ၂၅ ရက်၌ ဖျော်ဖြေရေး အစီအစဉ်များ တင်ဆက်သွားမည်
17/05/19
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)ကို ၂၀ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။