Latest News

နောက်ဆုံးရသတင်းများ

Physical Education Today For an Active Tomorrow Seminar အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

17/05/19

နေပြည်တော်  ၁၇ မေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Today For an Active Tomorrow Seminar အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းယူနိုက်တက်အသင်း နိုင်ငံခြားသားကစားသမားများ ခေါ်ယူအားဖြည့်

အားကစား

17/05/19

မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် နိုင်ငံခြားသားကစားသမားသုံးဦးအား ခေါ်ယူအားဖြည့်ခဲ့ကြောင်း သိရသည်။ 

မော်ဟန်ကျေးရွာတွင် ဖုံး၊သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်တွင်း

17/05/19

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် မိုးရာသီအကြိုသွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို  ယနေ့ နံနက် ၇ နာရီက လူအင်အား ၁၀ဝ ခန့်ဖြင့် စုပေါင်းဆာင်ရွက်ခဲ့ကြသည်။

ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမား ခုနစ်ဦးကို တာချီလိတ်နယ်စပ်ဂိတ်၌ လွှဲပြောင်းပေးအပ်

ပြည်တွင်း

17/05/19

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား  အမျိုးသား ငါးဦး၊ အမျိုးသမီး နှစ်ဦးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ တာချီလိတ်မြို့မှ ဒေသအာဏာပိုင်များထံသို့ ယနေ့ မွန်းလွဲပိုင်းက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ လာရောက်လွှဲပြောင်းပေးခဲ့ရာ မြန်မာတာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဘားအံမြို့တွင် ကျင်းပ

အားကစား

17/05/19

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၉ ခုနှစ် တတိယအကြိမ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို မေ ၁၇ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်  ၅ ရပ်ကွက်ရှိ အောင်သံလွင် အားကစားကွင်း၌ ကျင်းပခဲ့သည်။

(၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာမူကြမ်းအပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏သဘောထားမှတ်ချက်၊ အတည်ပြုချက်ရယူခြင်း အစည်းအဝေးကျင်းပ

ပြည်တွင်း

17/05/19

(၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာ မူကြမ်းအပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏ သဘောထားမှတ်ချက်၊ အတည်ပြုချက်ရယူခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အရည်အချင်းပြည့်ဝသည့် မြားပစ်နည်းပြဆရာ ဆရာမများကို မွေးထုတ်ပေးနိုင်ရေး မြားပစ်အားကစား  နည်းစနစ်များ နည်းပြသင်တန်းဖွင့်လှစ်

အားကစား

17/05/19

ရန်ကုန် ၁၇ မေ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် မြားပစ်နည်းပြ မွမ်းမံသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည်။ 

တရုတ်နိုင်ငံမှ နှစ်နိုင်ငံကုန်တင်ကားများ သွားလာရေး အဆင်ပြေစေရန် နယ်စပ်ဂိတ် (၃)ဂိတ်အား အချိန်ပြန်လည် ပြောင်းလဲပေး

ပြည်တွင်း

17/05/19

တရုတ်နိုင်ငံ ရွှေလီမြို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မူဆယ်ဒေသရှိ တာဝန်ရှိသူများသည် မေလဒုတိယပတ်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့နေသည့် ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်ရေးဖွံ့ဖြိုးစေရန် ကိစ္စရပ်များ စသည့် အကြောင်း အရာများအား ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ရာ မေ ၁၅ ရက်တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ကိုယ်စားပြု ဘော်လီဘောအားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်

အားကစား

17/05/19

တိုင်းဒေသကြီး၊ ပြည်နယ်များမှ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ် လေ့ကျင့်ရေးနှင့် အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်ရာ

အဖတ်များဆုံး သတင်း