Latest News
နောက်ဆုံးရသတင်းများ
ထန်းတပင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
11/05/19
ထန်းတပင် ၁၁ မေ
ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု အနေဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက လူသွားလူလာများပြားသည့် ထန်းတပင်ကားဂိတ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြသည်။
ပြည်မြို့တွင် တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရား၏ ရာပြည့်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
11/05/19
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရား ရုပ်ပွားတော်မြတ်ကြီး၏ နှစ်(၁၀ဝ)ပြည့် ရာပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မြို့ကုန်းကျေးရွာနှင့် တိုင်ကွမ်းကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
11/05/19
လှည်းကူး ၁၁ မေ
မုံရွာမြို့ ကြက်မွေးမြူရေးအထူးဇုန်မှ မီးဘေးသင့်မွေးမြူသူ (၂၄)ဦးအတွက် ထောက်ပံ့ငွေပေးအပ်
11/05/19
မုံရွာမြို့ ကြက်မွေးမြူရေးအထူးဇုန်မှ မီးဘေးသင့်မွေးမြူသူ (၂၄)ဦးအား ကြက်ဇုန်ရန်ပုံငွေမှ ကျပ် ၃၅ သိန်း ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီက ကြက်ဇုန်အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ နာယကဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
11/05/19
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် မြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ နာယကဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
11/05/19
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့သည် ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် OSC အထွေထွေရောဂါကုဆေးရုံနှင့် ပူးပေါင်း၍ လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် OSC အထွေထွေရောဂါကုဆေးရုံ၌ ကျင်းပသည်။
အမေများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
11/05/19
မေ(၁၂)ရက်တွင် ကျရောက်မည့် အမေများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ ယနေ့နံနက် (၇)နာရီက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ရန်ကုန်မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှုကြည့်ရှုစစ်ဆေး
11/05/19
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ပတ် လမ်းပိုင်းအဆင့်မြှင့်တင်ပြုပြင်နေမှု လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
အဖတ်များဆုံး သတင်း
- 9/Jul/2026