Latest News
နောက်ဆုံးရသတင်းများ
မြစ်ကြီးနားမြို့၌ ရေနွေးအိုးတည်ရာမှ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်
07/05/19
မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာရပ်ကွက် ဘူတာတိုက်တန်း ဆိုင်ခန်းအမှတ်(၈)တွင် ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
၀က်လက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်ရေများလှူဒါန်း
07/05/19
ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ သောက်ရေ အခက်အခဲ ဖြစ်နေသော ကျေးရွာများဖြစ်သည့် တချမ်းသာ ကျေးရွာနှင့် ဆားဘိုကုန်း ကျေးရွာများသို့ ယနေ့ မွန်လွဲ ၁ နာရီက သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းလှ၌ ၂၀၁၉ ခုနှစ် မိုးရာသီ စပါးစိုက်ပျိုးရေး စရိတ်များ စတင်ထုတ်ချေးပေး
07/05/19
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများ ၂၀၁၉ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် --------------
မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် Shelter Home များ ဆောက်လုပ်ရာတွင် မသန်စွမ်းသူများအတွက်ပါ ထည့်သွင်းဆောက်လုပ်သွားမည်
07/05/19
မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် Shelter Home များ တည်ဆောက်ရာတွင် မသန်စွမ်းသူများအတွက်ပါ အဆင်ပြေစေရန် ထည့်သွင်းဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။
မိခင်ဝိုင်းများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်
07/05/19
မိခင်ဝိုင်းများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် ကျီခါးမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကျဉ်းသား၊ အကျဉ်းသူများကို လွတ်သက်သာခွင့် ပြု၊ အင်းစိန် ဗဟိုအကျဉ်းထောင်မှ ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့်သရုပ်ဆောင် မိုးအောင်ရင်တို့ ပြန်လည်လွတ်မြောက်
07/05/19
အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူများအား နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ယနေ့နံနက်ပိုင်းက လွတ်ငြိမ်းသက်သာခွင့် ပြုလျက်ရှိရာ ရန်ကုန်မြို့ ၊ အင်းစိန် ဗဟိုအကျဉ်းထောင်မှ လွတ်မြောက်လာသူများအနက် ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့် သရုပ်ဆောင် မိုးအောင်ရင်တို့ ပါဝင်ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် (JICA MSME Two-Step Loan) ချေးငွေများအား မြန်မာ့စီးပွားရေးဘဏ်တွင် လျှောက်ထား ရယူနိုင်ကြောင်း (MSMEs) လုပ်ငန်းရှင်များသို့ အသိပေးကြေညာခြင်း
07/05/19
မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာနိုင်ငံတဝှမ်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ ---------
နောက်(၂)ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်
07/05/19
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် --------------
ဘီပိုး၊ စီပိုးနှင့် HIV ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြော
07/05/19
အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် HIV ရောဂါများအကြောင်း ကျန်းမာရေးအသိပညာ ပေးဟောပြောခြင်းနှင့် အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်းကို မေ ၇ ရက် နံနက် ၈ နာရီက ဖလမ်းမြို့ သူနာပြုသင်တန်းကျောင်း သဇင်ဆောင်၌ ပြုလုပ်သည်။
ကာယဗလ အခြေခံသင်တန်း ရေစကြိုမြို့တွင် ဖွင့်လှစ်မည်
07/05/19
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ အမှတ်(၈) ဇေယျဝတီရပ်ကွက်ရှိ ဗလငါးတန်စာကြည့်သင်းက ကြီးမှူး၍ ကိုယ်ကာယလှပ၍ ကျန်းမာကြံ့ခိုင်သော လူငယ်မောင်မယ်များ ပေါ်ထွန်းလာရေအတွက် -----------