Latest News
နောက်ဆုံးရသတင်းများ
မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများကို အထောက်အကူပြုစေမည့် မြန်မာ့ခရီးသွားဘဏ် ဖွင့်လှစ်မည်
04/05/19
မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ခရီးသွားလုပ်ငန်းတွင် ပါဝင်သည့် ခရီးသွားအေဂျင်စီများ၊ ပြည်တွင်းပြည်ပ ခရီးသွားများ၊ ဟိုတယ်လုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်းများစသည့် ဆက်စပ် အခြေခံ အဆောက်အအုံပိုင်းအတွက်ပါ အထောက်အကူပြုစေမည့် မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) ကို မေ ၆ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှသိရသည်။
ခန္တီးမြို့၏ မြောက်ဘက် ၁၄ မိုင်အကွာတွင် အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား
04/05/19
ယနေ့ ညနေ ၅ နာရီ ၃၄ မိနစ် ဝ၁ စက္ကန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင်(၁၂၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊ ခန္တီးမြို့၏ မြောက်ဘက်(၁၄)မိုင် ခန့်အကွာတွင်အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
မုန်တိုင်းငယ် (Deep Depression) သည် မုန်တိုင်းငယ် (Depression)အဖြစ်သို့ အားလျော့သွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ (Dhaka) ၏ မြောက်-အနောက်မြောက်ဘက် (၆၅) မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေ
04/05/19
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့ပေါ်တွင် ရောက်ရှိနေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ် (Depression) ................
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွင် မနက်ဖြန်နံနက်အထိ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်
04/05/19
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေ ၄ ရက် ညနေ ၄ နာရီတွင် အချိန် ထုတ်ပြန်သည့် မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့် ဆက်စပ်လျှက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့ ပေါ်တွင် ရောက်ရှိနေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့သွားခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ (Dhaka) ၏ မြောက်-အနောက်မြောက်ဘက် (၆၅) မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဒေးခင်တောင်ပေါ်ရှိ ဒေးခင်ရွှေစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဆပ်ကပ်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ
04/05/19
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေးခင်တောင်တန်းပေါ်ရှိ ဒေးခင်ရွှေစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ ဘုံ(၃)ဆင့် ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် စေတီတော်ကို လုံးပတ်တော်ပြုပြင်၍
မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အလွတ်တန်း ဖိတ်ခေါ် Dance Fit Expo (Myanmar Fitness Dance) ZUMBA ပြိုင်ပွဲဖွင့်ပွဲကျင်းပ
04/05/19
Fitness Dance များက သရုပ်ပြသပြီး ပြိုင်ပွဲကို စတင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၅)သင်း၊ စုစုပေါင်း အားကစားသမားဦးရေ (၇၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မေ ၅ရက် နံနက်(၉)နာရီတွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများ ပခုက္ကူနှင့် ရေစကြိုမြို့တို့ရှိ တန်ခိုးကြီးဘုရားများအား ဖူးမြော်ကြည်ညို
04/05/19
ပုဂံလူရည်ချွန်စခန်း၌ ရောက်ရှိနေသည့် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့နှင့် ရေစကြိုမြို့တို့ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြသည်။
အားကောင်းသော မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိ
04/05/19
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။
အဖတ်များဆုံး သတင်း
- 6/Jul/2026