Latest News
နောက်ဆုံးရသတင်းများ
ချောင်းဦးမြို့နယ်အတွင်းရှိ ရေရှားပါးသည့် ကိုးတောင်ကန်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း
04/05/19
ချောင်းဦး ၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ကိုးတောင်ကန်ကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်နေသဖြင့် ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀) လီတာဆန့် သောက်ရေသန့် (၁၃၀) ဗူးအား မေ ၄ ရက် နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ စုပေါင်း၍ သောက်သုံးရေလှူဒါန်း
04/05/19
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် အလှူရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ မေ ၄ ရက်က သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ရေစကြိုမြို့နယ်၊ ကွမ်းစီကန်ကျေးရွာသို့သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းခဲ့ကြသည်။
ရှေ့ဘီး ဘရိတ်ရှူးငြိရာမှ အပူလွန်ကဲ၍ တွဲယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
04/05/19
ယနေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က မကွေး-တောင်တွင်းကြီး ကားလမ်းရှိ မကွေးတိုးဂိတ်အနီး မိုင်တိုင်အမှတ် (၃၂၄/၅) တွင် ရန်ကုန်မှ မင်းဘူးသို့ ယာဉ်မောင်း ဦးစောဇင်ကို (ဘ) ဦးဝင်းမြင့်၊ (၂၅) နှစ် မောင်းနှင်၍ ယာဉ်နောက်လိုက် ကိုထွန်းလင်းပိုင် (ဘ) ဦးသက်ပိုင်၊ (၁၈) နှစ် လိုက်ပါသော 9/ ------(၁၈)ဘီး ကွန်တိန်နာတင် တွဲယာဉ်သည် အချိန်ကြာမြင့်စွာ မောင်းနှင်လာပြီး ရှေ့ဘီးဘရိတ်ရှူး ငြိရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်းပွဲနှင့်မီးပုံပွဲ အခမ်းအနားကျင်းပ
04/05/19
၂၀၁၈-၂၀၁၉ ဒသမတန်း လူရည်ချွန်မောင်မယ်များ၏ လူရည်ချွန်စခန်း (ငွေဆောင်) စခန်းသိမ်းပွဲနှင့်မီးပုံပွဲ အခမ်းအနားကို ယနေ့ညပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ် သဲသောင်ပြင်၌ ကျင်းပသည်။
တာချီလိတ်မြို့ လေယာဉ်ပြေးလမ်း ပြုပြင်ထိန်းသိမ်းရန်ရှိသဖြင့် လေယာဉ်ခရီးစဉ် အချိန်များ ရွှေ့ဆိုင်း
04/05/19
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ လေဆိပ် လေယာဉ်ပြေးလမ်းအား ပြုပြင်ထိန်းသိမ်းရန်ရှိသဖြင့် လေယာဉ်ခရီးစဉ်များ ဆင်းသက်/ထွက်ခွာချိန်အား မေ ၅ ရက်မှ ၁၉ ရက်အထိ နံနက် ၁၀ နာရီနောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းမြင့်ထံမှ သိရသညိ။