Latest News

နောက်ဆုံးရသတင်းများ

(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)၌ကျင်းပ

ပြည်တွင်း

05/05/19

၂၀၁၉ ခုနှစ် မေလ ၅ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်း စွယ်တော်မြတ်စေတီအနီးရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် စစ်ရေးပြကွင်း၌ ယနေ့နံနက်(၇)နာရီက ကျင်းပခဲ့သည်။

သာပေါင်းမြို့တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများ ဆောင်ရွက်

အလှအပနှင့်ကျန်းမာရေး

05/05/19

သာပေါင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို  မေ ၄ ရက်က စတင်ဆောင်ရွက်ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ ဘောလုံးအားကစားသမားဟောင်းများ တစ်လတစ်ကြိမ် တွေ့ဆုံပွဲကျင်းပမည်

ပြည်တွင်း

05/05/19

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဘောလုံးအားကစားဖြင့် မြို့ဂုဏ်ဆောင်ခဲ့ကြသော ဘောလုံးအားကစားသမား ဟောင်းကြီးများတွေ့ဆုံပွဲကို မေ ၄ ရက်က သန်လျင်မြို့ မြို့မတောင်ရပ်ကွက် သတိပဋ္ဌာန်လမ်း ရွှေမြင့်မိုရ် လက်ဘက်ရည်ဆိုင်၌ ကျင်းပသည်။

အမှုဖြင့်ထိန်းသိမ်းထားသည့် ယာဉ်အတွင်းမှ ပုပ်ပွနေသော မိန်းကလေးအလောင်းနှစ်လောင်း တွေ့ရှိ

မှုခင်း

05/05/19

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ်(၂) နယ်မြေရဲစခန်းရှေ့ ကားလမ်းဘေးတွင် အမှုဖြင့် သိမ်းဆည်းထားသည့် ယာဉ်ငယ်တစ်စီးအတွင်းမှ ပုပ်ပွနေသည့် မိန်းကလေးအလောင်းနှစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဇီးကုန်းမြို့နယ်တွင် နေအိမ်အချို့ပျက်စီး

ပြည်တွင်း

05/05/19

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မေ ၄ ရက် ညနေ ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မြင်းသောက်ကန် ရေကန်တူးဖော်ပြုပြင်ပြီး အထိမ်းအမှတ်အခမ်းအနား တက်ရောက်

ပြည်တွင်း

05/05/19

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဆားတောင်ကျေးရွာအုပ်စု မကျီးပင်တပ်ကျေးရွာ မြင်းသောက်ကန် ရေကန်တူးဖော်ပြုပြင်ပြီး အထိမ်းအမှတ်ဖဲကြိုးဖြတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်းတို့က မြင်းသောက်ကန်ပေါင်ပေါ်တွင် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်သည်။

မန္တလေးမြို့တွင် ကမ္ဘာ့သွေးမတိတ်ရောဂါနေ့ အခမ်းအနားကျင်းပ

ပြည်တွင်း

05/05/19

“World Haemophilia Day” ကမ္ဘာ့သွေးမတိတ်ရောဂါနေ့ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူယာဟိုတယ်တွင် မေ ၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်တွင် မတ်ပဲတန်ချိန် လေးသိန်းဝယ်ယူရန် တောင်းဆိုထားသော်လည်း အကြောင်းမပြန်သေးသည့်အတွက် ဆက်လက်ညှိနှိုင်းသွားမည်ဟုဆို 

ပြည်တွင်း

05/05/19

အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်တွင် မတ်ပဲတန်ချိန် လေးသိန်းဝယ်ယူရန် တောင်းဆိုထားသော်လည်း အကြောင်းမပြန်သေးသည့်အတွက် ဆက်လက်ညှိနှိုင်း သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။ 

စားမြုံ့ပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည် 

ပြည်တွင်း

05/05/19

စားမြုံ့ပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

အဖတ်များဆုံး သတင်း