Latest News
နောက်ဆုံးရသတင်းများ
AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်မှ ရန်ကုန်အသင်း ထွက်ခဲ့ရ
01/05/19
၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု ပွဲစဉ် (၅) အဖြစ် ရန်ကုန်အသင်းသည် စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနှင့် စင်ကာပူနိုင်ငံရှိ ဂျလန်းဘီဆာကွင်း၌ ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ပြီး လေးဂိုး-သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်မှု
01/05/19
နေပြည်တော် ၁ မေ
တောင်ကြီးမြို့ လေးလောင်းပြိုင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ
01/05/19
ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်၌ ဧပြီ ၂၈ ရက် က ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ တင်အုန်း (ခ)အိုက်အုံးအား ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ တစ်ပိဿာနီးပါးခန့်နှင့် ငွေကျပ် ၇ သိန်းကျော်တို့ကို ယနေ့တွင် ရှာဖွေဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲအခမ်းအနားကျင်းပ
01/05/19
ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ မြနန်းဘုံ Royal Emerald River View Resort ဟိုတယ်၌ ကျင်းပသည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ရတနာပုံနှင့် ဟံသာဝတီ ကွာတားဖိုင်နယ် တက်ရောက်
01/05/19
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် (ပထမနေ့) ကို ယနေ့ညနေ ပိုင်းက ကျင်းပရာ ရတနာပုံနှင့် ဟံသာဝတီအသင်း ကွာတားဖိုင်နယ် တက်ရောက်သွားသည်။
ပထမအကြိမ် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ (၂၀၁၉)ကျင်းပပြုလုပ်
01/05/19
ထိုင်းနိုင်ငံ သံရုံး၏ ကူညီပံ့ပိုးမှု ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (မြန်မာ)၏အားပေးကူညီမှုဖြင့် ထိုင်း တက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းမှ ဦးစီးကျင်းပသည့် ပထမအကြိမ် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ(၂၀၁၉)ကို ယမန်နေ့ နံနက် ၉နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁×၃၂လမ်းကြား၊ မြို့ပတ်လမ်းရှိ ရွှေပြည်သာဟိုတယ်၊ သာရတနာခန်းမတွင် ကျင်းပခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်မှု
01/05/19
၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ နံနက် ၈ နာရီ ၅၀ မိနစ် မှ ၁၁ နာရီ ၁၀ မိနစ်အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၇)၊ အမှတ်(၁၀)နယ်ခြားစောင့်ရဲတပ်ဖွဲ့ တုံးချောင်း ချောင်းဝရဲကင်းစခန်းမှ
အလုပ်သမားနေ့ အထိမ်းအမှတ် တာချီလိတ်ကုန်တင်ကုန်ချ လုပ်သားကြီးများမှ စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်း
01/05/19
မေလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် တာချီလိတ် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ မြို့နယ်ကုန်တင်ကုန်ချကော်မတီမှ ကုန်တင်ကုန်ချလုပ်သားကြီးများစုပေါင်း၍ ယနေ့နံနက် ၆ နာရီက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြွန်တန်ဆာမြို့တွင် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ ဒေသခံ ၂၅၀ ကျော်အား ကျန်းမာရေးအခမဲ့စစ်ဆေးပေးခြင်းနှင့် အသိပညာပေးဟောပြော
01/05/19
ဒေသခံပြည်သူများကျန်းမာရေး အသိပညာများတိုးပွား၍ မိမိကိုယ်ကို ကျန်းမာအောင်နေထိုင်တတ်စေရန် အတွက် အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသခြင်းများကို ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့သာသနသော ဘဏိကာရုံ(ပင်းတလဲ)ကျောင်းတိုက်၌ ယနေ့နံနက် ၇ နာရီမှ ညနေပိုင်းအထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် ဥတ္တရသီရိမြို့နယ်တွင်ပြုလုပ်သည့် မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲ တက်ရောက်
01/05/19
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် တက်ရောက်သည်။
အဖတ်များဆုံး သတင်း
- 6/Jul/2026