Latest News
နောက်ဆုံးရသတင်းများ
ဖလမ်းခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
01/05/19
ဖလမ်းခရိုင်အတွင်းရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် ဧပြီလအတွင်း လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးခဲ့သော လေဘေးသင့်ပြည်သူများအတွက် -
နွေရာသီ သောက်သုံးရေရှားပါးသည့် ကျေးရွာသို့ ရေများလှူဒါန်း
01/05/19
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လယ်ဝေးမြို့နယ်ရုံးမှ နွေရာသီသောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ --------
(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြု စုပေါင်းသန့်ရှင်းရေးနှင့် စုပေါင်းသွေးလှူဒါန်းခြင်း ပြုလုပ်
01/05/19
(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်ခြောက်မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းမိသားစုဝင်များက----
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း (၃)ကြိမ်မြောက် ၁ဝဝဝ ကျပ်တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
01/05/19
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ကျင်းပပြုလုပ်သော (၃)ကြိမ်မြောက် ၁ဝဝဝ ကျပ်တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
တန့်ယန်းမြို့နယ်တွင် သောက်သုံးရေပြတ်လပ်သော ရပ်ကွက်များသို့ သောက်သုံးရေများ လှူဒါန်း
01/05/19
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ယခုနွေရာသီ၌ အပူရှိန်မြင့်မားလာမှုကြောင့် ကုန်းမြင့်ကျသော ရပ်ကွက်အချို့တို့တွင် သောက်သုံးရေ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည့်အတွက် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။
ဗန်းမော်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲကျင်းပ
01/05/19
မေ ၁ ရက်တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျေးလက်ပြည်သူများနှင့် တွေ့ဆုံ
01/05/19
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရေးမြို့နယ်၊ ခေါဇာမြို့ ကဗျာကျေးရွာအုပ်စုရှိ ကျေးလက်ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
၂၀၁၉ ခုနှစ် ဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်) ဖွင့်ပွဲ ငွေဆောင်မြို့တွင် ကျင်းပ
01/05/19
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့တွင် ၂၀၁၉ ခုနှစ် ဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပုလဲငွေဆောင် ဟိုတယ်၌ ကျင်းပရာ --------
ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့၌ သဘာဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဆိုင်းဘုတ်များထောင်၍ အသိပညာပေး လှုံ့ဆော်ထား
01/05/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းအတွင်း လူစည်ကားရာ မြို့နယ်အချို့ရှိ လမ်းဆုံလမ်းဝများတွင် အများပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်အလက် အကြောင်းအရာများကို သိရှိလိုက်နာကြစေခြင်းငှာ အသိပညာပေး လှုံ့ဆော်ဗီနိုင်းပိုစတာ ဆိုင်းဘုတ်များဖြင့် စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် သန့်ရှင်းသော သောက်သုံးရေများ ပြည်သူများအား ဖြန့်ဝေပေး
01/05/19
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဘန်းဘွေးကုန်းကျေးရွာတွင် နွေရာသီကာလအတွင်း သောက်သုံးရေ အခက်အခဲ မဖြစ်ပေါ်စေရန်နှင့် သန့်ရှင်းသော သောက်သုံးရေများ ရရှိသုံးစွဲနိုင်ရန် ရည်ရွယ်၍ မေ ၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် ဘန်းဘွေးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ရေကန်အတွင်းမှ ရေများကို စုပ်ယူသန့်စင်ပြီး ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဖတ်များဆုံး သတင်း
- 6/Jul/2026