Latest News
နောက်ဆုံးရသတင်းများ
နိုင်ငံတကာဆေးရုံကြီးများနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပြပွဲကြီး မန္တလေးမြို့တွင် ကျင်းပမည်
01/05/19
နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပြပွဲကြီးကို မေ ၃ ရက်မှ ၅ ရက်ထိ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၆)လမ်းနှင့် (၇၁)လမ်းဒေါင့်ရှိ မြို့တော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေးတာဝါတိုင်မှ မီးစက်ဆီများ ခိုးယူသူသုံးဦး ဖမ်းဆီးရမိ
01/05/19
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းကျေးရွာရှိ MYTEL ဆက်သွယ်ရေးတာဝါတိုင်မှ မီးစက်ဆီများ ယနေ့ နံနက် ၄ နာရီခန့်က ခိုးယူခံရမှုဖြစ်ပွားရာ တရားခံသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နှင်းနည်းနှင့် အာလူးစိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးဆွေးနွေး
01/05/19
ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နှင်းနည်းနှင့် အာလူးစိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါ့အင်ကျေးရွာအုပ်စု ထီရယ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
မူဆယ်မြို့ နှစ်နိုင်ငံဝင်/ထွက်ဂိတ် မန့်ဝိန်းဂိတ်မှ အဝင်အထွက် သွားလာနေသည့် သုံးဘီးယာဉ်များ အခက်အခဲဖြစ်နေ
01/05/19
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြန်မာ-တရုတ် နှစ်နိုင်ငံဝင်/ထွက်ဂိတ် မန့်ဝိန်းဂိတ်မှ အဝင်အထွက် သွားလာနေသည့် သုံးဘီးယာဉ်များ ------------
မိတ္ထီလာမြို့နယ် ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်း
01/05/19
မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ မီးဘေးသင့်ပြည်သူများအား ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မန္တလေးမြို့)မှ သောက်ရေသန့်၊ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ဧပြီ ၃၀ ရက်က အောင်စံပယ်နယ်မြေရှိ သာသနရက္ခိတဓမ္မာရုံတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့၌ လူငယ်နှင့် စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
01/05/19
လူငယ်နှင့် စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဧပြီ ၃၀ ရက် နံနက် ၁၀ နာရီက မြောင်းမြမြို့နယ် မြစန္ဒာရပ်ကွက်ရှိ မနောသုခ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ U-14 ဘောလုံးပြိုင်ပွဲ ကျင်းပမည်
01/05/19
မန္တလေးတိုင်းအတွင်း လူငယ်ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ U-14 ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများ အဖွဲ့ထံမှသိရသည်။
လူရည်ချွန် အပန်းဖြေစခန်း (အင်းလေး-ခေါင်တိုင်) ဖွင့်ပွဲကျင်းပ
01/05/19
လူရည်ချွန် အပန်းဖြေစခန်း (အင်းလေး-ခေါင်တိုင်) ဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲက ညောင်ရွှေမြို့နယ် အင်းလေးဒေသ ခေါင်တိုင်ကျေးရွာရှိ အပန်းဖြေစခန်းတွင် ကျင်းပခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
သန်လျင်မြို့သို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လေ့လာ
01/05/19
ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သန်လျင်မြို့သို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်၍ ယခင်က ပြည်သူများအသုံးများခဲ့သည့် အနှေးယာဉ် ဆိုက်ကားနှင့် မြင်းလှည်းများအား စိတ်ဝင်စားစွာ လာရောက်စီးနင်းလျက်ရှိကြောင်း သိရသည်။
အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်ပေးအပ်
01/05/19
လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမားများ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ပေးအပ်ပွဲကို ဧပြီ ၃၀ ရက် မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မန်းရေနံမြေ စုပေါင်းရုံး၌ ကျင်းပသည်။
အဖတ်များဆုံး သတင်း
- 6/Jul/2026