Latest News
နောက်ဆုံးရသတင်းများ
ကမ္ဘာမြေ အေးချမ်းသာယာစေရေး
25/04/19
နွေရာ သီကာလတွင် ရာ သီဥတုပူပြင်းသည်မှာ သဘာဝပင်ဖြစ်သော်လည်း ပုံမှန်ထက်လွန်ကဲသည့် ပူပြင်းမှုများ တစ်နှစ်ထက်တစ်နှစ်ပိုကဲလာသည်မှာ သက်ရှိများအတွက် စိုးရိမ
စိမ်းလန်းအနာဂတ်ဆီသို့
25/04/19
ကမ္ဘာကြီးက အလွန်အင်မတန်ပူလာ၏။ မြန်မာနိုင်ငံက ထိုအပူဒဏ်ကို အခြားနိုင်ငံများထက် ပို၍ဆိုးရွားစွာ ခံစားနေရသည်ဟု ထင်ပါ၏။ ရာသီ ဥတု ချိန်ညှိမှုစနစ် ယိုယွင်
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
24/04/19
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်နှင့် စီမံ ခန့်ခွဲမှု ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန် မြန်မာ-ထိုင်းနယ်စပ် ထီးခီးသို့ ထိုင်းနိုင်ငံ NEDA မှ ချေးငွေ ရယူကာ အဆင့်မြှင့်တင်ဖောက်လုပ်မည့် (၂)လမ်းသွားကတ္တရာကားလမ်း တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)ကျင်းပ
24/04/19
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။
Yangon ICT Fair (May-2019) ပြပွဲ ကျင်းပမည်
24/04/19
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းတို့ ပူးပေါင်းကျင်းပမည့် Yangon ICT Fair (May-2019) ပြပွဲကို မေလ ၃ ရက်နေ့မှ ၅ ရက်နေ့ အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းတီဘီရောဂါဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) အသိပေးဆွေးနွေးပွဲကျင်းပ
24/04/19
“နိုင်ငံတစ်ဝန်းတီဘီရောဂါဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) (Nationwide TB Prevalence Survey) အသိပေးဆွေးနွေးပွဲ”ကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
မြန်မာ ယူ-၁၈ အသင်း ပြန်လည်လေ့ကျင့်
24/04/19
ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ ယူ-၁၈ အသင်းသည် ယနေ့နံနက်ပိုင်းမှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိသည်။ မြန်မာ ယူ-၁၈ အသင်းသည် ကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ လက်ကျန်ပွဲများ ယှဉ်ပြိုင်ရန်ရှိသောကြောင့် လေ့ကျင့်မှုမရပ်နားဘဲ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းနှင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ဝါးစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများအားသွားရောက် လေ့လာ
24/04/19
မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဝါးစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ၊ ဝါးသုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝါးနှင့်သက်ဆိုင်သော မူဝါဒများ နှင့် နည်းဗျူဟာစီမံကိန်းရေးဆွဲခြင်းများကို သိရှိလေ့လာနိုင်ရန်အတွက် ယနေ့ညနေ ၅ နာရီက ရန်ကုန်မြို့မှ ဟောင်ကောင်သို့ ထွက်ခွာသွား ကြောင်းသိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Zvezda ရုပ်သံ ဌာနနှင့် Russia Today သတင်းဌာန၏မေးမြန်းမှုများဖြေကြား၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တည်ခင်းဧည့်ခံသည့်ညစာစားပွဲ သို့တက်ရောက်
24/04/19
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် Radisson Collection ဟိုတယ်၌ Zvezda ရုပ်သံဌာနမှ သတင်းထောက်အား လက်ခံတွေ့ဆုံပြီး မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားသည်။
အပူဒဏ်ကြောင့် အသက်အန္တရာယ်ဆုံးရှုံးနိုင်သည့် (Heat Stroke)ရောဂါ ဖြစ်ပေါ်လာပါကအချိန်မီကုသနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်
24/04/19
အပူဒဏ်ကြောင့် အသက်အန္တရာယ်ဆုံးရှုံးနိုင်သည့် (Heat Stroke) ရောဂါမျိုး ဖြစ်ပေါ်လာပါက အချိန်မီကုသနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှု များပြုလုပ်ထားကြောင်းရန်ကုန်ပြည်သူ့ဆေးရုံကြီးအပူပိုင်းနှင့်ကူးစက်ရောဂါ ပညာဌာနမှ သိရသည်။