Latest News
နောက်ဆုံးရသတင်းများ
ဗဟန်းမြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ သင်္ကြန်တွင်း တရားစခန်းဖွင့်လှစ်
15/04/19
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာ၌ ၂၀၁၉ ခုနှစ်၊ သင်္ကြန်တွင်း တရားစခန်းကို ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်အထိ (၅)ရက်တရားစခန်း ဖွင့်လှစ်ကြောင်း သိရသည်။
ပေါက်မြို့နယ် (၄၇)မိုင် ယောချောင်းသာသင်္ကြန်ပွဲတော် ရေသဘင်မဏ္ဍပ်၌ ရေကစားသူများဖြင့်စည်ကားနေ
15/04/19
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ ပေါက်မြို့နှင့် (၁)မိုင်အကွာ ပခုက္ကူမြို့နှင့် (၄၇)မိုင် ခန့်အကွာတွင်တည်ရှိသော အမှတ်(၁) ပေါက် ယောချောင်းတံတားအောက်ဘက်ရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်၌ ရေကစားသူ ရေပက်သူများနှင့် စည်ကားလျက်ရှိသည်။
ကျောင်းကုန်းမြို့တွင် မဟာသင်္ကြန် အကြတ်နေ့၌ ရေပက်ကစားသူများဖြင့် စည်ကား
15/04/19
ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်ကုန်းမြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြောင်း သိရသည်။