Latest News
နောက်ဆုံးရသတင်းများ
ခရမ်းသီးဆူးထိုး ရခိုင်ချက်
14/04/19
ခရမ်းသီးကို ဟင်းလျာအဖြစ်ချက်ပြုတ်ရာမှာ သူ့ချည်းသက်သက်နှပ်စား၊ ကြော်စား၊ မီးဖုတ်ပြီး သုပ်စားကြတဲ့အပြင်
နှစ်သစ်ကူးအားလပ်ရက်များတွင် အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရား၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ၊ အပန်းဖြေလာရောက် လည်ပတ်သူများဖြင့် စည်ကားနေ
14/04/19
အထက်မြန်မာပြည်၏ တန်ခိုးကြီးဘုရားများ၌ တစ်ဆူအပါအဝင်ဖြစ်သော ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးမြို့တွင် တည်ရှိသည့် အင်းတော်ကြီးရွှေမဉ္ဇူ ရေလယ်ဘုရားကြီးတွင် သင်္ကြန်အကျနေ့ ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ၊ ရုံးပိတ်ရက်အားလပ်ရက်များတွင် လာရောက်အပန်းဖြေ နားနေသူများဖြင့် စည်ကားလျက်ရှိသည်။
သင်္ကြန်အကျနေ့တွင် မုက္ခာရေတံခွန်ဆင်စခန်း၌ အပန်းဖြေလာရောက်သူများဖြင့် စည်ကားနေ
14/04/19
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဘန်ဘွေးကုန်းကျေးရွာ၊ မုက္ခာဆည်အနီးရှိ မုက္ခာရေတံခွန် ဆင်စခန်း၌ ယနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် လာရောက်ရေကစား လည်ပတ်အပန်းဖြေသူများ ပိုမိုများပြားလျက်ရှိသည်။
မိုင်းဆတ်မြို့ မဟာသင်္ကြန်အကျနေ့ ရေကစားသူများ၊ စတုဒိတာကျွေးသူများဖြင့် စည်ကား
14/04/19
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၉ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းက ရေစားသူများ၊ ရေပက်ခံထွက်သူများနှင့် စတုဒိတာကျွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မကွေးမြို့၌ အတာသင်္ကြန်ချစ်သူပြည်သူများ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
14/04/19
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အတာသင်္ကြန်ချစ်သူပြည်သူများ ယနေ့ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်၊ နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်အပါအဝင် ရပ်ကွက်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် (ကမ်းသာယာ) အပန်းဖြေစခန်းသို့ လာရောက်အပန်းဖြေသူများဖြင့် စည်ကား
14/04/19
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်မြစ်အနောက်ဘက်ခြမ်း ခတ္တူကျေးရွာ တစ်ဖက်ကမ်းနှင့် ငဝန်မြစ်ကူးတံတား (လေးမျက်နှာ) အနီးတွင် မတ်လ ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ကမ်းသာယာအပန်းဖြေစခန်သို့ သင်္ကြန်အကြိုနေ့နှင့် အကျနေ့များတွင် လာရောက်အပန်းဖြေ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မဟာသင်္ကြန်အကျနေ့ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်အိတ်များ ဆက်ကပ်လှူဒါန်း
14/04/19
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၉ ခုနှစ်၊ မဟာသင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက် နံနက် ၇ နာရီက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းသို့ ဆန်အိတ် (၃၇)အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

