Latest News
နောက်ဆုံးရသတင်းများ
အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်(မူကြမ်း)အပေါ် ကျွမ်းကျင်ပညာရှင်များမှ ပြန်လည်သုံးသပ်ဆွေးနွေးပွဲကျင်းပ
10/04/19
နေပြည်တော် ၁၀ ဧပြီ
အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်(မူကြမ်း)အပေါ် ကျွမ်းကျင် ပညာရှင်များမှ ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Shwe San Eain Hotel ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်တရားမဝင်သစ်များ ဖမ်းဆီးရမိ
10/04/19
သစ်တောဦးစီးဌာန၊ ဝန်ထမ်းများအဖွဲ့၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၇ ရက်မှ ၉ ရက်အတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသ ကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်၊ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် ကျွန်း/ ကညင်ခွဲသား (၂၁ ဒသမ ၆၂၈)တန်နှင့် ကျူးလွန်သူ (၁)ဦးအား ဖမ်းဆီးရမိခဲ့သည်။
Physical Education Seminar ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
10/04/19
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Seminar ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဂျပန်နှင့် မြန်မာဆရာဝန်များ ပူးပေါင်းကာ ကံ့ကော်တစ်ထောင်သာသနာ့နယ်မြေတွင် အခမဲ့ဆေးကုသမှုများဆောင်ရွက်
10/04/19
ဘိုကလေးမြို့နယ် မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီးကျေးရွာရှိ ကံ့ကော်တစ်ထောင် သာသနာ့နယ်မြေ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၇ နာရီက ကျနး်မာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် နားလည်မှုစာချွန်လွှာ (MOU)ရေးထိုးထားသည့် ဂျပန်နိုင်ငံအခြေစိုက် (Japan Heart, International Medical Volunteers အဖွဲ့မှ မြန်မာနိုင်ငံတာဝန်ခံ ဦးသိန်းဇော်ဦးစီးသည့် ဂျပန်နိုင်ငံသား Dr.OE Masahi နှင့် ဂျပန်နိုင်ငံ သူနာပြု ၂ ဦး၊ ရန်ကုန်မြို့မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာဝင်းထူးကျော် ၊ဒေါက်တာယဉ်မေဇင်ဟန်တို့နှင့် သူနာပြု(၂)ဦး စုစုပေါင်း (၈) ဦးတို့က အခမဲ့ ဆေးကုသ ပေးသွားမည်ဖြစ်သည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အပါအဝင် ၅ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ
10/04/19
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး(ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၅ အသင်း ရှုံးပွဲထပ်မံကြုံတွေ့
10/04/19
တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက တရုတ်နိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာ ယူ-၁၅ အသင်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။ မြန်မာ ယူ-၁၅ အသင်းသည် ကာဂျစ္စတန် ယူ-၁၅ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။