Latest News
နောက်ဆုံးရသတင်းများ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန နှင့် ကရင်အမျိုးသား အစည်းအရုံးတို့ တွေ့ဆုံမည်
10/04/19
ဆွေးနွေးပွဲများ စတင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည် ဖော်နိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး(KNU) သည် ဧပြီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ အလွတ်သဘော တွေ့ဆုံကြမည်ဖြစ်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဂျပန်နိုင်ငံမှ ယန်း သန်း ၃၂၀ဝ ကျော် အကူအညီပေးမည့် စာချွန်လွှာ (၂) စောင် လက်မှတ်ရေးထိုး
10/04/19
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ(၂)စောင် လက်မှတ်ရေးထိုး လဲလှယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ တွေ့ဆုံ
10/04/19
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ
10/04/19
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာ-သီရိလင်္ကာ ပူးတွဲ ကော်မရှင် အစည်းအဝေးသို့ တက်ရောက်ရန် သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Tilak Marapana ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၆ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။