Latest News

နောက်ဆုံးရသတင်းများ

လမ်း၊ တံတား၊ လျှပ်စစ်ဓာတ်အား ပြည်သူတို့အတွက် အကျိုးစီးပွား

အယ်ဒီတာ့ အာဘော်

06/04/19

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်များတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးတို့လည်း ပါဝင်သည်။ တစ်ဖန်လမ်းများ ကောင်းမွန်ချောမွေ့ရန်နှင့် လျှပ်စစ် ဓာတ်အားရရှိရန်တို့သည် ပြည်သူလူထု၏ အဓိက လိုလားချက်များလည်း ဖြစ်နေသည်။ ဒေသတစ်ခုတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ချောမွေ့ပြီး လျှပ်စစ်ဓာတ်အား ရရှိလာသည်နှင့်အမျှ ဒေသခံ ပြည်သူများ၏ လူမှုစီ

မတူကွဲပြားသော ရောင်စုံပန်းများအလှ

အယ်ဒီတာ့ အာဘော်

06/04/19

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုနိုင်ငံ ဟူသည် ဘာသာစကား၊ ကိုးကွယ်မှု၊ အသွေးအရောင်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင် သော နိုင်ငံဖြစ်သည်။ ထိုသို့မတူကွဲပြားသည့် အသွေးအရောင်များ စုံလင်လှသော ပြည်ထောင်စု ပန်းဥယျာဉ်ကြီးသည် မည်မျှနှစ်သက်ဖွယ်ကောင်းသနည်း။

mdn
ထာဝရငြိမ်းချမ်းရေးဓမ္မသဘင် ပဉ္စမနေ့ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပ

ပြည်တွင်း

05/04/19

ရန်ကုန် ၅  ဧပြီ 

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ထာဝရငြိမ်းချမ်းရေး ဓမ္မသ ဘင် ပဉ္စမနေ့ကို ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့  ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက် ရှိ ပြည်သူ့ရင်ပြင်၌ဆက်လက်ကျင်းပရာ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိက နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာတော်ကို ဟောကြားချီးမြှင့်သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ပေကျင်းမြို့ရှိ ဒစ်ဂျစ်တယ် ရုပ်ရှင်လုပ်ငန်းများ ကြည့်ရှုလေ့လာ

ပြည်တွင်း

05/04/19

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ  ဒစ်ဂျစ်တယ်ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားထုတ်လုပ်မှု အခြေစိုက်စခန်း တို့ကို ကြည့်ရှုလေ့လာကြသည်။