Latest News
နောက်ဆုံးရသတင်းများ
ထာဝရငြိမ်းချမ်းရေးဓမ္မသဘင် တတိယနေ့ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပ
03/04/19
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် တတိယနေ့ကို ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
စာရေးဆရာ၊ အဆိုတော်နှင့် သရုပ်ဆောင်များ ပါဝင်မည့် ပြည်သူနီတိစကားဝိုင်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပမည်
03/04/19
မြန်မာစာရေးဆရာ ကလပ်နှင့် ရွိင်ရယ်မြန်မာတီးမစ်တို့ ပူးပေါင်းစီစဉ်ကာ စာရေးဆရာ၊ အဆိုတော်နှင့် သရုပ်ဆောင်များ ပါဝင်ကျင်းပမည့် ပြည်သူနီတိစကားဝိုင်း စာနယ်ဇင်း အသိပေးမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်းရှိ မြန်မာစာရေးဆရာကလပ်ရုံးခန်းတွင် ကျင်းပခဲ့သည်။
၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးအသင်း တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ
03/04/19
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ပေကျင်းမြို့ရှိ စာအုပ်ထုတ်ဝေရေး၊ သတင်းစာလုပ်ငန်းနှင့် CGTN တို့တွင် ကြည့်ရှုလေ့လာ
03/04/19
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ စာအုပ်ထုတ်ဝေရေး၊ သတင်းစာလုပ်ငန်းနှင့် China Global Television Network (CGTN) တို့တွင် ကြည့်ရှုလေ့လာကြသည်။
ဓမ္မာစရိယစာမေးပွဲ အဋ္ဌမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ကျင်းပ
03/04/19
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို
ဂွမြို့နယ်မီးသတ်ဦးစီးဌာန အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
03/04/19
ဂွမြို့နယ် မီးသတ်ဦးစီးဌာန အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင်
ပျော်ဘွယ်မြို့တွင် မီးလောင်မှုဖြစ်ပွား၍ ရောင်းချရန်ထားရှိသည့် ဆိုင်ကယ်မျိုးစုံ အစီး(၂၀) မီးလောင်ဆုံးရှုံး
03/04/19
ယနေ့နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိုင်ရပ်နေ အောင်သီဟ (၄၅)နှစ်၏ "K ဟိန်း" ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်နှင့် ကပ်လျက် တောင်ဘက်ရှိ ဒေါ်သိန်းသိန်းနွဲ့ (၆၂)နှစ်တို့၏ နေအိမ်နှစ်အိမ်ကြားမှစ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ပျော်ဘွယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ
03/04/19
ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာသန်းမြင့် ထားဝယ်အထူးစီးပွားရေးဇုန် ဆောင်ရွက်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး
03/04/19
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တို့သည် ဧပြီ ၁ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဆောင်ရွက်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဖတ်များဆုံး သတင်း
- 28/Jun/2026