Latest News
နောက်ဆုံးရသတင်းများ
မလှိုင်မြို့ စည်ပင်သာယာအဖွဲ့ပိုင် လှိုင်သာယာပန်းခြံအား (၁၀)နှစ်တာအတွက် တင်ဒါခေါ်ယူ
01/04/19
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် စည်ပင်သာယာအဖွဲ့ပိုင် လှိုင်သာယာပန်းခြံအား ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်၍ (၁၀)နှစ်တာအတွက် တင်ဒါခေါ်ယူမည် ဖြစ်ကြောင်း မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
စည်ပင်သာယာ လမ်းတံတား လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်
01/04/19
ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခုနှစ် ကျပ်သိန်း ၁၀ဝ အထက် လမ်းတံတား လုပ်ငန်းများ လုပ်ငန်းသုံးပစ္စည်း အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့ရုံး၌ ပြုလုပ်ရာ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီဥက္ကဌ ဦးဇော်နိုင်ဝင်းက အမှာစကား ပြောကြားသည်။
မူဆယ်မြို့တွင်းသို့ ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ် အသုံးပြုသွားလာစေရေး ဆိုင်ကယ်အစီးရေ (၈၀ဝ)ကျော်ဖြင့် အသိပညာပေး campaign ပြုလုပ်
01/04/19
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ် အသုံးပြု သွားလာစေရေးအတွက် ဆိုင်ကယ်အစီးရေ (၈၀ဝ)ကျော်ဖြင့် ယမန်နေ့ နံနက် (၉)နာရီတွင် မူဆယ်မြို့တွင်းသို့ စီတန်းလှည့်လည်ခဲ့သည်။
ကလေးဝမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အခြားအဆောက်အဦများ အမိုးလန်ပျက်စီးမှု ဖြစ်ပွား
01/04/19
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် မတ်လ ၃၁ ရက် ညနေ ၄ နာရီကျော်ခန့်က လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အခြားအဆောက်အဦများသွပ်မိုးလန်၍ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
01/04/19
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်အရ------
ဗန်းမော်မြို့တွင် နှစ်သစ်ကူးအကြို ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ
01/04/19
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာချစ်သူများအဖွဲ့တို့က ပူးပေါင်း၍ --------
မြစ်ရေ အခြေအနေများ
01/04/19
၁ ဧပြီ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁.၄.၂၀၁၉) ရက်နေ့ နံနက် (ဝ၆:၃၀) နာရီအချိန်တွင် တိုင်းတာရရှိသောမြစ်ရေ အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဇွန်လ ၁ ရက်မှ စတင်ကာ လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း ဝယ်ယူသူများ အနေဖြင့် ကျသင့်ငွေ၏ ၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်
01/04/19
နေပြည်တော် ၁ ဧပြီ
လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ မိဘပြည်သူများ အနေဖြင့် လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရာတွင် ကျသင့်သော စုစုပေါင်း တန်ဖိုးငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်ပေးဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ချောက်မြို့နယ်၌ ဝိသာခါဖောင်ဒေးရှင်းမှ ငွေကျပ် ၁၄၁ သိန်းဖြင့် ဆောင်ရွက်ခဲ့သည့် စက်ရေတွင်းလှူဒါန်းပွဲကျင်းပ
01/04/19
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ ပန်းဘဲမြောက်ရွာတွင် ဝိသာခါဖောင်ဒေးရှင်းမှ ငွေကျပ် ၁၄၁ သိန်း အကုန်ကျခံတူးဖော်ဆောင်ရွက်ခဲ့သည့် စက်ရေတွင်းပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်က အဆိုပါကျေးရွာရှိ စက်ရေတွင်းဝင်းအတွင်း၌ ပြုလုပ်ကြောင်းသိရသည်။
အစ္စရေးရွေးကောက်ပွဲမှာ နေတန်ယာဟု ဝန်ကြီးချုပ် ထပ်ဖြစ်မှာလား
01/04/19
၁ ဧပြီ
အစ္စရေးအစိုးရဟာ ဧပြီလမှာ ရွေးကောက်ပွဲတွေကျင်းပဖို့ ဆုံးဖြတ်ခဲ့သလို ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအနေနဲ့လည်း ပါလီမန်မှာ တစ်နေရာစာရရှိဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲမတိုင်မီ သူဟာ အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ ရင်ဆိုင်ရမယ့်အနေအထားကိုလည်း တွေ့နေရပါတယ်။