Latest News

နောက်ဆုံးရသတင်းများ

ထမံသီဘေးမဲ့တော ရေရှည်တည်တံ့ရေးအတွက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်

ပြည်တွင်း

28/03/19

ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေရှည်တည်တံ့စေရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ  သိရသည်။

အိုလံပစ်ခြေစစ်ပွဲမတိုင်မီ မြန်မာအမျိုးသမီးအသင်း ပြည်တွင်းခြေစမ်းပွဲများ ကစားလျက်ရှိ

အားကစား

28/03/19

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲ ဒုတိယအဆင့်အတွက် မန္တလေးမြို့၌ လေ့ကျင့်လျက်ရှိပြီး ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။

နောင်ချိုနှင့် ပင်လုံမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

မှုခင်း

28/03/19

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် နောင်ချို မြို့အဝင်၊ မူဆယ်-မန္တလေး ပြည်ထောင်စုကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)တွင် ဖိုးလပြည့်မောင်းနှင်ပြီး ရှိုင်းဇော်ထက် (ခ)ကိုရှိုင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

ရပ်နားထားသည့် MNL အမှတ်ပေးပြိုင်ပွဲ မတ် ၃၀၊ ၃၁ ရက် ပြန်လည်ကျင်းပမည်

အားကစား

28/03/19

တစ်လနီးပါး ရပ်နားထားသည့် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို မတ် ၃၀၊ ၃၁ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ယူနန်ပြည်နယ် အမြဲတမ်းဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူးအား လက်ခံတွေ့ဆုံ

ပြည်တွင်း

28/03/19

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ၊ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ အမြဲတမ်း ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Zong Guo Ying  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။     

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေEuropean Chamber of Commerce in Myanmar ၏ Country Manager နှင့် တွေ့ဆုံ

ပြည်တွင်း

28/03/19

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် European Chamber of Commerce in Myanmar ၏ Country Manager ဖြစ်သူ Mr. Tobias Fischer နှင့် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ညောင်ဦးမြို့၌ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး အခြေခံတိရစ္ဆာန်ကျန်းမာရေးသင်တန်း ဖွင့်လှစ်

ပြည်တွင်း

28/03/19

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေး ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်

ဆောမြို့၌ တိုင်းရင်းသားလူမျိုးများ၏ ဥပဒေပါအခွင့်အရေး၊ ရပိုင်ခွင့်များနှင့် စပ်လျဉ်း၍ စစ်တမ်းကောက်ယူ

ပြည်တွင်း

28/03/19

မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ ရေးဆွဲရန် ဦးစားပေးလုပ်ငန်း ရွေးချယ်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ ဥပဒေပါ အခွင့်အရေး ရပိုင်ခွင့်များနှင့် စပ်လျဉ်းသည့် စစ်တမ်းကောက်ယူခြင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ဆောမြို့ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အဖတ်များဆုံး သတင်း