Latest News
နောက်ဆုံးရသတင်းများ
တောင်ငူခရိုင် သင်္ကြန်ပွဲတော်တွင် လမ်လျှောက်သင်္ကြန် ထည့်သွင်းကျင်းပမည်
26/03/19
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် လမ်လျှောက်သင်္ကြန် ထည့်သွင်းကျင်းပမည်ကြောင်း သိရသည်။
မောင်လမြိုင်၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူလေ့ကျင့်
26/03/19
မော်လမြိုင် ၂၆ မတ်
ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းကို ယနေ့ နံနက် ၈ နာရီက မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အာရှ ယူ-၂၃ ခြေစစ်ပွဲ နောက်ဆုံးပွဲတွင် အိမ်ရှင်မြန်မာ ဂိုးပြတ်ရှုံးနိမ့်
26/03/19
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) နောက်ဆုံးနေ့ကို ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာအသင်းသည် ဂျပန်အသင်းကို ခုနစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။
ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ သတ္တမအကြိမ် ညီလာခံကျင်းပ
26/03/19
ငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများက ပံ့ပိုးပေးလျက်ရှိသည့် နည်းပညာနှင့် သင်တန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Conference of the Committee for the Coordination of Financial Sector Technical Assistance to Myanmar - COFTAM) သတ္တမအကြိမ် ညီလာခံကို ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
တပ်မတော်လုံခြုံရေးစစ်ကြောင်းများအား AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်
26/03/19
ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကျောက်တော်မြို့နယ် ကျီးရာပြင် ကျေးရွာအနီး မြောက်ဦး-ကျောက်တော် လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတို့အား AA အဖွဲ့က မတ် ၂၅ နှင့် ၂၆ ရက်တို့တွင် လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ စစ်သည်အချို့ ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး AA အဖွဲ့ထံမှ အလောင်းများနှင့် လက်နက်ငယ်မျိုးစုံ (၃)လက်အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဖတ်များဆုံး သတင်း
- 26/Jun/2026