Latest News
နောက်ဆုံးရသတင်းများ
ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပုဏ္ဏားကျွန်းမြို့နယ်ရှိနေရပ်စွန့်ခွာသူများအားသွားရောက်ထောက်ပံ့
20/03/19
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ဦးစီးမှူးဦးကျော်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြောင်းရွှေ့ခိုလှုံလျက်ရှိသည့် တိုက်ပွဲ ရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများသွားရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ (၆၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
20/03/19
ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ (၆၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကို မတ် ၂၀ ရက်(တပေါင်းလပြည့်နေ့) ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး သွားရောက်လှူဒါန်း
20/03/19
ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေ ပြည်သူများ နွေရာသီသောက်သုံးရေရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန်နှင့် သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်မီးသတ်ဦးစီး ဌာနမှ တပ်ကြပ်ကြီး စိုးမိုးအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ညောင်ဦးမြို့နယ် သဲပြင်တော ကျေးရွာသို့ သွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တပေါင်းလပြည့်နေ့ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား
20/03/19
တပေါင်းလကို ``နေ့ပူလို့ညချမ်း၊ တပေါင်းလသရမ်း´´ဟု ဆိုစမှတ်ပြုကြလေ သည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ်ကာသစ်ပင်များသည် ရွက်ဟောင်း များစွန့်၍ ရွက်သစ်လွန်ကာ အညွန့်၊ အညှောင့်လေးများပေါ်ထွက်လာ ခြင်းဖြင့် တင့်တယ်သာယာလှပေသည်။
နေအိမ်လိုင်းခန်း ဆောက်လုပ်ရန် မြေတူးရာမှ စစ်ကျန်ဗုံးသီးအဟောင်းများရှာဖွေတွေ့ရှိ
20/03/19
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မြို့မရဲစခန်းတွင် မတ်လ ၁၉ ရက်က ၄ ခန်းတွဲ ၂ ထပ်နေအိမ်လိုင်းခန်း ဆောက်လုပ်ရန်အတွက် မြေတူးရာမှ ဗုံးသီးအဟောင်းများ ရှာဖွေတွေ့ရှိခဲ့သဖြင့် --------
ကသာမြို့ရှိ ရေရရှိမှု အခက်အခဲဖြစ်နေသည့် ရပ်ကွက်များအတွက် ရေရရှိအောင် ဆောင်ရွက်မည်
20/03/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ရေရရှိမှု အခက်အခဲဖြစ်နေသည့် ရပ်ကွက်များအတွက် ရေရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း က ပြောပြ၍ သိရသည်။
တိမ်အသင့်အတင့်ဖြစ်ထွန်းမည်
20/03/19
၂၀၁၉ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်
20/03/19
၂၀ မတ်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်
20/03/19
၂၀ မတ်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တိုင်းထွာရရှိခဲ့သော မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပျဉ်းမနားမြို့နယ် လူထုဗဟိုပြု စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော အခြေခံအဆောက်အဦများအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်
20/03/19
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်၊ဒုတိယနှစ်စက်ဝန်း) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော-----------