Latest News
နောက်ဆုံးရသတင်းများ
ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကိစ္စဖြေရှင်းညှိနှိုင်းအစည်းအဝေးကျင်းပ
20/03/19
ကယားပြည်နယ် လွိုင်ကော်မြို့ ကိန္နရာလွိုင်ကော်ဟိုတယ်၌ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တု ကိစ္စဖြေရှင်း ညှိနှိုင်းဆွေးနွေးတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
တပေါင်းလပြည့်နေ့၌ နေပြည်တော်ရှိဘုရားပုထိုးစေတီများတွင် ဘုရားဖူးပြည်သူများ၊ကုသိုလ်ပြုသူများဖြင့် စည်ကား
20/03/19
တပေါင်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရှိသည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့ ဖြစ်သည့်အားလျော်စွာ နေပြည်တော်ရှိဘုရား ပုထိုးစေတီများတွင် ဘုရားဖူးပြည်သူများ၊ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIC အသင်း ဗိုလ်စွဲ
20/03/19
၂၀၁၈-၂၀၁၉ ရာသီ MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ MIC အသင်းက နှစ်ကျော့ပေါင်းရလဒ်ဖြင့် VUC အသင်းကို အသာရကာ ချန်ပီယံဆုရရှိသွားသည်။
ကောင်းမှုတော်စေတီတော်တွင် အနေကဇာတင်ခြင်း အခမ်းအနား နှင့် သံဃားအပါး ၁၀ဝ၀ ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ
20/03/19
စစ်ကိုင်းမြို့ရှိ အဖြူရောင်ဆေးသင်္ကန်းတော် ကပ်လှူပြီးစီးသည့် ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနား နှင့် သီတဂူဆရာတော်ကြီး၏ သက်တော် ၈၂နှစ်ပြည့် မွေးနေ့မင်္ဂလာအဖြစ် သံဃာအပါး ၁၀ဝ၀ အား ဆွမ်းကြီးလောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမား နှစ်ဦး ပြန်လည်လက်ခံ
20/03/19
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးကို ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံဘက်သို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲက တာချီလိတ် မြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
20/03/19
၂၀၁၉ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၁) ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ
20/03/19
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၁) ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား နှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲက နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်လိုဏ်တော်အတွင်း၌ ကျင်းပသည်။
အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော် ထပ်မံရွေးချယ် တာဝန်ပေးခြင်းခံရ
20/03/19
အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်ကို ယနေ့နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို စစ်တွေမြို့နှင့် ငပလီကမ်းခြေတို့၌ကျင်းပ
20/03/19
ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို စစ်တွေမြို့ပွိုင့်ကမ်းခြေနှင့် ငပလီ ကမ်းခြေတို့၌ ယနေ့ (တပေါင်းလပြည့်နေ့) မွန်းလွဲပိုင်းမှစတင်၍ ကျင်းပလျှက်ရှိသည်။