Latest News

နောက်ဆုံးရသတင်းများ

ဝါကြိတ်ခွဲစက်ရုံဖွင့်ပွဲ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပြည်တွင်း

20/03/19

ဝါမျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မင်းဘူးခရိုင်၊ စကုမြို့ရှိ ဝါမျိုးကောင်းမျိုးသန့်ကြိတ်ခွဲထုတ်လုပ်မှု စက်ရုံဖွင့်ပွဲ အခမ်းအနားကို မတ်လ(၁၉) ရက်နေ့ နံနက်(၈) နာရီက စကု-၁ မျိုးသန့်ဝါကြိတ်စက်ရုံတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(၃၁)ကြိမ်မြောက် သမိုင်းဝင် အညာသီဟတောဘုရား ဗုဒ္ဓပူဇနိယပွဲတော် ခင်ဦးမြို့နယ်၌ ကျင်းပ

ပြည်တွင်း

20/03/19

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် (၃၁)ကြိမ်မြောက် သမိုင်းဝင် အညာသီဟတောဘုရား ဗုဒ္ဓပူဇနိယပွဲတော် စာရေးတန်မဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို မတ် (၁၉)ရက်၊ (၁၄:ဝ၀) နာရီက ...........

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်း မြင့်တက်လာမှုကြောင့် တောရိုင်းတိရစ္ဆာန်အချို့ မျိုးသုဉ်းသွားနိုင်ခြေရှိ

ပြည်တွင်း

20/03/19

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်း မြင့်တက်လာမှုကြောင့် တစ်ချို့တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းသွားနိုင်ခြေရှိကြောင်း သိရသည်။

Food Safety ဖြစ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဆိုင်ခန်းဖွင့်လှစ် ရောင်းချမည်

ပြည်တွင်း

20/03/19

ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP)နှင့် အော်ဂဲနစ် လက်မှတ်ရ Food Safety ဖြစ်သော ဟင်းသီးဟင်းရွက်နှင့် --------

ရွှေကူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်မှုကြောင့် နေအိမ်ခြောက်လုံး အမိုးများပျက်စီးကာ ခိုင်းနွားနှစ်ကောင် သေဆုံး

မိုးလေဝသ

20/03/19

ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ မတ် ၁၈ ရက်ညက အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ကာ မိုးကြိုးပစ်ခတ်မှုများရှိခဲ့၍ နေအိမ်များ အမိုးလန်ပျက်စီးကာ တိရစ္ဆာန်များ သေကြေပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့၊ မဟာတေဇာဓိပတိ စေတီတော်ကြီး၏ (၁၅) ကြိမ်မြောက် ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်း နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပြည်တွင်း

20/03/19

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် မဟာတေဇာဓိပတိ စေတီတော်ကြီး၏ (၁၅) ကြိမ်မြောက် ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်း နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက် (၇)နာရီက စေတီတော်၏ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆင်ပြုစုရေးနှင့် ဆင်ဘဝ (ပခုက္ကူစာပေဆုရ)

စီးပွားရေး

20/03/19

၂၀၁၆  ခုနှစ်အတွက်  ပခုက္ကူစာပေဆု သုတေသနစာပေ  ပထမဆုရရှိသည့် ကိုကိုညိမ်း(ကောလင်း)၏ "ဆင်ပြုစုရေး နှင့်ဆင်ဘဝ" စာအုပ်ကို  ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရ

မြိတ်မြို့ အဝေးပြေးကားဝင်းတွင် မှုခင်းများ ကျဆင်းရေး ပညာပေး ဟောပြော

ပြည်တွင်း

20/03/19

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အဝေးပြေးကားဝင်းတွင် ခရီးသည်နားနေဆောင်တွင် မတ်လ(၁၉) ရက် နေ့လယ်(၂)နာရီက မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်နေပြည်သူများနှင့် ကားဝင်းအတွင်းရှိ ပြည်သူများအား မှုခင်းများ ကျဆင်းရေး ပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် (၅၂)ကြိမ်မြောက် နွေရာသီ ကြက်ခြေနီ လူငယ်လေ့ကျင့်ရေး စခန်းသွင်း သင်တန်း ဖွင့်လှစ်

ပြည်တွင်း

20/03/19

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ လူငယ်လူရွယ်ဘဝမှစပြီး လုပ်ငန်းစွမ်းရည်များ ပြည့်ဝစွာဖြင့် လူမှုဂရုဏာလုပ်ငန်းများကို ပြည်သူလူထုအတွင်း ပြည်သူ့အကျိူး သယ်ပိုးဆောင်ရွက်နိုင်ရန်နှင့် သဘာဝဘေး အန္တရာယ်များလျှော့ပါးရေး၊ ...........

မြစ်ရေအခြေအနေများ

မိုးလေဝသ

20/03/19

၂၀ မတ်


မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၀.၃.၂၀၁၉) ရက်နေ့ နံနက် (ဝ၆:၃၀) နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။