Latest News
နောက်ဆုံးရသတင်းများ
မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ ဆက်လက်ကျင်းပ
19/03/19
၂၀၁၉ ခုနှစ်(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
19/03/19
မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တပ်မတော်မှ မတ် ၁၈ ရက် နံနက်ပိုင်းက လှည့်ကင်းဆောင်ရွက်နေစဉ် လှေတစ်စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
19/03/19
တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့သည် ယနေ့တွင် နေပြည်တော်တိ်ုင်းစစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာ၌ တွေ့ဆုံဆွေးနွေးကြသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းနှင့် မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့အား AA အဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်
19/03/19
မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့၀င်များလိုက်ပါလာသည့် ယာဉ်တန်းနှင့် မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့အား ယမန်နေ့ညက မြို့နေပြည်သူလူထု၏ နေအိမ်များတွင် နေရာယူထားသည့် AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။