Latest News
နောက်ဆုံးရသတင်းများ
မတ် ၁၈ ရက်က မုံရွာမြို့အနီး လှုပ်ခတ်ခဲ့သည့် ငလျင်အပါအဝင် ယခုနှစ်အတွင်း မြေငလျင် ၃၂ ကြိမ်အထိ လှုပ်ခတ်ခဲ့
19/03/19
မြန်မာနိုင်ငံအတွင်း မုံရွာမြို့၏ အနောက်-အနောက်တောင်ဘက် (၄၅)မိုင်ခန့်အကွာ ဗဟိုချက်၊ အနက် (၇၂)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး (၅ ဒသမ ၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု မတ် (၁၈)ရက် ညပိုင်းက လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ် ကျိန္တလီမြို့၌ မတ် ၂၃ ရက်မှ စတင်၍ (၂၄)နာရီ လျှပ်စစ်မီးရရှိမည်
19/03/19
ရခိုင်ပြည်နယ် ကျိန္တလီမြို့ရှိရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် မတ် ၂၃ ရက်မှ စတင်၍ (၂၄)နာရီ လျှပ်စစ်မီးရရှိကြမည်ဖြစ်ကြောင်း ဂွမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၈/ ၂၀၁၉) ကျင်းပ
19/03/19
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး(၈/၂၀၁၉)ကို
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ADB ချေးငွေဖြင့် အိန္ဒု-ကော့ကရိတ် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
19/03/19
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မတ် ၁၈ ရက် နံနက်ပိုင်းတွင် ADB ချေးငွေဖြင့် အိန္ဒု-ကော့ကရိတ် လမ်းအပိုင်းအား CHINA ROAD AND BRIDGE CORPORATION (CRBC) မှ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
တောင်ငူ၊ မြောင်းမြ၊ ရေတာရှည်နှင့် နောင်ချိုမြို့နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ
19/03/19
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည်
ကလေးစာပေပွဲတော်(ပူတာအို) ဒုတိယနေ့ ဆက်လက်ကျင်းပ
19/03/19
ကလေးစာပေပွဲတော်(ပူတာအို) ဒုတိယကို ယနေ့နံနက်ပိုင်းမှစ၍ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမနှင့် အ.ထ.က(ပူတာအို)တို့၌ စာပေဟောပြောပွဲနှင့် ကလေးစာပေ အလုပ်ရုံဆွေးနွေးပွဲများ၊ Team building Game ကစားပွဲများ၊ အရုပ်ဆက်နှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပရာ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ် (၆)စီးနှင့်အတူ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိ
19/03/19
ပခုက္ကူမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးနှင့် ဒုရဲအုပ် ဝေလင်းဇော်ဦးတို့ ပူးပေါင်းအဖွဲ့သည် ခိုးမှုများဖော်ထုတ်ဖမ်းဆီးရမိရေး မြို့နယ်များရှိ ရဲစခန်းများနှင့် ချိတ်ဆက်ခြင်းကို မတ် ၃ ရက်တွင် အောင်လံမြို့ နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ လောင်လံမြို့နယ်၊ ပြလိုကျေးရွာတွင် ဖိုးခွား (ခ) မျိုးအာကာ၊ အောင်မျိုးသူ၊ ကျော်လင်းထက်တို့ (၃)ဦးအား ဟွန်ဒါကလစ် ၁၂၅ နီ/နက်ကြားရောင် ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လွှတ်တော်အဆောက်အဦများတွင် လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်တကျရှိစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
19/03/19
လွှတ်တော်အဆောက်အဦများတွင် တပ်ဆင်ထားသော လျှပ်စစ်ပိုင်းဆိုင်ရာများ စနစ်တကျရှိစေရေးအတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိအဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မိတ္ထီလာ ကုန်းသာကျေးရွာ အိုးလုပ်ငန်းမှ သင်္ကြန်အကြိုအိုးများအား တောင်ပေါ်ဒေသများအထိ တင်ပို့ရောင်းချရလျက်ရှိ
19/03/19
မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာရှိ ဒေသခံများလုပ်ကိုင်သည့် အိုးလုပ်ငန်းမှ သင်္ကြန်အကြိုအိုးများကို တောင်ပေါ်ဒေသများအထိ တင်ပို့ရောင်းချရလျက်ရှိကြောင်း ဒေသခံအိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်
19/03/19
မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။