Latest News
နောက်ဆုံးရသတင်းများ
ခိုင်ကမ်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ( ၂ ) နှစ်ထိကလေးငယ်များ ထောက်ပံ့ကြေးပေးအပ်ပွဲ ပြုလုပ်
18/03/19
၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်( ၂ ) ထိကလေးငယ်များအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကို ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ လူမှုဝန်ထမ်းဦးစီး ဌာနရုံးခန်းတွင် မတ် ၁၈ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် (၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ
18/03/19
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မြို့နယ်လုံးဆိုင်ရာ (၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ဖွင့်ပွဲအခမ်းအနားကို မတ် ၁၇ ရက် ည ၈ နာရီတွင် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး ''ဒဲဉ်သီးဗွေ'' ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ပြည်နယ်အဆင့်ကျင်းပမည့် နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ ကွင်းမုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပ
18/03/19
မွန်ပြည်နယ် သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် တပေါင်းလပြည့်နေ့၌ ပြည်နယ်အဆင့် ကျင်းပမည့် နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ ကွင်းမုခ်ဦးဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်၊ မွန်းလွဲပိုင်းက ဒုံဝန်းကျေးရွာရှိ ကျင်းပရာကွင်းပြင်၌ စည်ကားစွာ ကျင်းပသည်။
မြန်မာ့ဂေါ်ဖီထုတ်များ မြဝတီနယ်စပ်မှ တစ်ဆင့်ထိုင်းနိုင်ငံသို့ နေ့စဉ်တန်ချိန် ၁၅ဝ ခန့်တင်ပို့နေ
18/03/19
မြန်မာနိုင်ငံထွက် ဂေါ်ဖီထုတ်များအားမြဝတီ နယ်စပ်ဂိတ်မှတစ်ဆင့်ထိုင်းနိုင်ငံသို့ နေ့စဉ် တန်ချိန် ၁၅၀ ခန့် တင်ပို့နေကြောင်း မြဝတီမြို့ ဘုရင့်နောင်ဈေး ဟင်းသီးဟင်းရွက် ဈေးကွက်မှ သိရသည်။
ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်ဆေးတက္ကသိုလ်(၂)မှ အထူးကုဆရာဝန်ကြီးများကိုယ်တိုင်အခမဲ့ဆေးကုသပေးလျက်ရှိ
18/03/19
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခ ဒေါက်တာစောကလယ်ခူ (ပါမောက္ခဌာနမှူး၊သားဖွားမီးယပ်) ဦးဆောင်သောအဖွဲ့သည် မတ် ၁၇ ရက်မှစတင်ကာ ဟားခါးပြည်သူ့ဆေးရုံကြီး၌ အထွေထွေရောဂါလူနာများအား အခမဲ့ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်
18/03/19
နေပြည်တော် ၁၈ မတ်
မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
MDN
18” Export Pipeline တစ်လျှောက် Subsea Inspection လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်၍ ရေကြောင်းသတိပေး
18/03/19
နေပြည်တော် ၁၈ မတ်
လိုင်လင်းပီမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဆေးစိမ်ခြင်ထောင်များအခမဲ့ဖြန့်ဝေပေး
18/03/19
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ပြည်သူများအတွက် ကျန်းမာရေးဌာနမှ ဆေးစိမ်ခြင်ထောင်များကို ယနေ့နံနက်ပိုင်းက လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနတွင် အခမဲ့ဖြန့်ဝေ ပေးကြသည်။