Latest News

နောက်ဆုံးရသတင်းများ

မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၆ ဦးကို တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး

အလှအပနှင့်ကျန်းမာရေး

18/03/19

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့် ကျေးရွာအနီးနှင့် ဝမ်ပေါ့ကျေးရွာအနီးတွင် ပြောင်းရွေ့နေထိုင်ကြသော မြန်မာရွှေ့ ပြောင်းလုပ်သား ပြည်သူများအား ငှက်ဖျားရောဂါကာကွယ်နိုင်ရန်ရည်ရွယ်လျက် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနမှ တာရှည်ခံဆေးစိမ်ခြင်ထောင်များအခမဲ့ဖြန့်ဝေပေးခဲ့သည်။

ဒိုက်ဦးမြို့၌စိတ်ကြွမူးယစ်ဆေးဝါးများဖမ်းမိ

မှုခင်း

18/03/19

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ ဒရယ်မီးရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေး မိုင်တိုင်အမှတ် ၈၅/၃  နှင့် ၈၅/၄ အကြားရှိ လက်ဖက်ရည်ဆိုင်တွင် ယနေ့ နံနက် ၅ နာရီခန့်က ဆိုင်တွင် ထိုင်နေသည့် မန္တလေးတိုင်း ဒေသကြီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း မြို့မရဲစခန်းမှသိရသည်။

ပုလဲမြို့နယ်၌ မိခင်ဝိုင်းခေါင်းဆောင်နှင့် ပံ့ပိုးကူညီသူများ အသိပညာပေး သင်တန်းဖွင့် 

ပြည်တွင်း

18/03/19

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် လက်တောင်းကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ မိခင်များအနေဖြင့် ------

ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲကျင်းပ

ပြည်တွင်း

18/03/19

သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မိတ္ထီလာခရိုင် လူထုအခြေပြု ဗဟိုဌာနတွင် စာရေးနည်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

ပြည်တွင်း

18/03/19

မိတ္ထီလာတွင် မြို့နယ်စာရေးဆရာအသင်းနှင့် ခရိုင်ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်စာရေးနည်းလမ်းညွှန်သင်တန်း (၄ /၂၀၁၉) ဖွင့်ပွဲကို -------

မိုင်းဆတ်မြို့၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေး အထောက်အကူပြု သင်တန်းဆင်း

ပြည်တွင်း

18/03/19

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့် လှစ်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးအထောက်အကူပြု သင်တန်းဆင်းပွဲကို-------

ရေလှောင်တမံမှ ရေပေးဝေမှုကြောင့် နွေစပါးများ အောင်မြင်ဖြစ်ထွန်း

ပြည်တွင်း

18/03/19

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရေဘုတ်ဆည်ရေးလှောင်တမံမှရေးများဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါးရာသီတွင် နွေစပါးဧက ၁၉၃၇၄ စိုက်ပျိုးရန် လျာထားခဲ့ပြီး ----

စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်ပါအကြောင်းအရာများအား စာဖတ်ဝိုင်း ကျင်းပ

ပြည်တွင်း

18/03/19

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Book Club အဖွဲ့ဝင်များနှင့် စာပေချစ်သူများပူးပေါင်း၍  ယနေ့နံနက် ၁၀ နာရီက  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ပရီမီယားလိဂ်ပွဲစဉ်(၃၁)တွင်  လီဗာပူးတို့ ဖူလ်ဟမ်ကို နိုင်ပြီး အမှတ်ပေးဇယားတွင် ဦးဆောင်နေ

အားကစား

18/03/19

ပရီမီယားလိဂ် ပွဲစဉ် (၃၁)အဖြစ် မတ် ၁၇ ရက်နေ့ညက ဖူလ်ဟမ်နှင့်လီဗာပူး၊ အဲဗာတန်နှင့် ချယ်လ်ဆီးအသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြရာ လီဗာပူးအသင်းက အဝေးကွင်းတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယား ထိပ်သို့ ယာယီတက်လှမ်းသွားနိုင်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းသည် အဲဗာတန်အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ဘရိုက်တန်အသင်း ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်သို့တက်ရောက်ပြီး မန်စီးတီးအသင်းနှင့် တွေ့ဆုံနေ

အားကစား

18/03/19

အက်ဖ်အေဖလား ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်အဖြစ် မတ် ၁၇ ရက်နေ့က မီဝေါအသင်းနှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘရိုက်တန်အသင်း ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။