Latest News
နောက်ဆုံးရသတင်းများ
မုံရွာတွင် ကျေးရွာငါးရွာ သောက်သုံးရေရရှိရေး အဝီစိစက်ရေတွင်း တူးဖော်မည်
18/03/19
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန် (Dry Zone) တွင်ပါဝင်သော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မရှိစေရေး အတွက် မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာငါးရွာတွင်စက်ရေတွင်းငါးတွင်းတူးဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဘောဂလိမြို့တွင် ပကူးကရင်ဘာသာဖြင့် ကျမ်းရွတ်ပြိုင်ပွဲပြုလုပ်
18/03/19
ကရင်ပြည်နယ် ဘောဂလိမြို့နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့ညပိုင်းက ပကူးဘာသာစကားဖြင့် ကျမ်းစာရွတ်ပြိုင်ပွဲပြုလုပ်ခဲ့သည်။
ချောင်းဦးမြို့နယ် ရွှေမြင့်မိုရ် စက္ခုဒါန အထွေထွေကုဆေးရုံ၌ မျက်စိဝေဒနာရှင်များအား ကုသိုလ်ဖြစ် (အခမဲ့) ခွဲစိတ်ကုသပေး
18/03/19
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ခင်မွန်စံပြကျေးရွာတွင် ''ရွှေမြင့်မိုရ် ဆရာတော်'' ဘဒ္ဒန္တ ဝိသုတ ဦးဆောင်မှု၊ “Taiwan Buddhist Tzu Chi Foundation & Myanmar Representive Office Yadanar Hospital” ၏ မတည်လှူဒါန်းမှုတို့ဖြင့် ရွှေမြင့်မိုရ် စက္ခုဒါန အထွေထွေကုဆေးရုံကြီးတွင် ယနေ့ နံနက် ၈ နာရီက မျက်စိဝေဒနာရှင်များအား ကုသိုလ်ဖြစ် (အခမဲ့)ကုသပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် မော်ဟန်ရွာအတွင်းရှိ လေးတန်ချောင်းတွင် ချောင်းကော ဆယ်ယူခြင်း လုပ်ငန်းများဆောင်ရွက်
18/03/19
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာလေးတန်ချောင်း မိုးတွင်းကာလ ရေကြီး ရေလျှံမှုနှင့် လယ်ယာမြေ ချောင်းကမ်းပါး ရေတိုက်စားမှုမှ ကာကွယ်ရန် ချောင်းကော ဆယ်ယူခြင်းလုပ်ငန်းကို ရွှေနန်းတင် လမ်းတံတား ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူပြီး မော်ဟန်ကျေးရွာ ဒေသဖွံဖြိုးရေး ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးအား စစ်ကိုင်းမြို့သို့ စတင်ပင့်ဆောင်သယ်ယူ
18/03/19
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်၊ လက်ပံကုန်းကျေးရွာ ဆရာပွဲဗုံလုပ်ငန်းမှ လှူဒါန်းသော ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး အဓိကဒုန္ဒုဘစည်တော်ကြီးအား မတ် ၁၇ ရက် နံနက် ၉နာရီတွင် စစ်ကိုင်းမြို့၊ ကောင်းမှုတော်စေတီတော်တွင်ထားရှိရန် အင်းတော်မြို့ အင်းမြသာယာအားကစားကွင်းမှ စတင်ပင့်ဆောင် သယ်ယူခဲ့ကြောင်းသိရသည်။
မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း ပွင့်ဖြူမြို့၌ ဖွင့်လှစ်
18/03/19
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း (၁/၂၀၁၉)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျေးလက်ပြည်သူများအား OSS ဝန်ဆောင်မှုလုပ်ငန်း အသိပညာပေး၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
18/03/19
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယုမြို့ ကျေးလက်ပြည်များ OSS ဝန်ဆောင်မှု လုပ်ငန်းကို သိရှိနားလည်စေရန်အတွက် OSS ဝန်ဆောင်မှုအကြောင်း --------
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံး အပူချိန်၊ အနိမ့်ဆုံး အပူချိန်နှင့် မိုးရေချိန်
18/03/19
၁၈ မတ်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။