Latest News

နောက်ဆုံးရသတင်းများ

ဒုတိယသမ္မတ ဦးမြင့်ဆွေ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲသို့ တက်ရောက် အမှာစကားပြောကြား

ပြည်တွင်း

16/03/19

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

မြန်မာ ယူ-၁၅ အသင်းအား ကစားသမားသစ်များ အားဖြည့်မည်

အားကစား

16/03/19

ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည့် မြန်မာ ယူ-၁၅ အသင်းသည် ကစားသမားသစ်များ အားဖြည့်ကာ ရက်ပိုင်းအတွင်း လေ့ကျင့်မှု စတင် ပြုလုပ်မည် ဖြစ်သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ဗုံးသီး တစ်လုံးတွေ့ရှိ

ပြည်တွင်း

16/03/19

ယနေ့ ညနေ ၄ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့ ရပ်ကွက်(၄)ရှိ ထပ်ဆင့်အသံလွှင့်စက်ရုံဝန်း အတွင်း၌ အစိမ်းရောင် RPJ ဗုံးသီး(၁)လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲများ စုံလင်စွာထွက်ပေါ်

အားကစား

16/03/19

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များမှာ မတ် ၁၄ ရက်က ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် ဒုတိယအဆင့်ပွဲစဉ်များ ထွက်ပေါ်လာခဲ့ပြီး ဒုတိယအဆင့်တွင် MNL ထိပ်သီးအသင်းများ ပါဝင်လာမည်ဖြစ်ပြီး ပထမအဆင့်မှ တက်ရောက်လာသည့် ငါးသင်း၊ ဒုတိယအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်မည့် ကိုးသင်း စုစုပေါင်း ၁၄ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

ရန်ကုန်ကွင်းပတ်စက်ဘီးပြိုင်ပွဲ၊ ဆုပေးပွဲကျင်းပ

အားကစား

16/03/19

ပထမအကြိမ် ရန်ကုန်ကွင်းပတ်စက်ဘီးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီးတက္ကသိုလ် ရိပ်သာလမ်း (လှည်းတန်းမီးပွိုင့်မှ အင်းယားလမ်းမီးပွိုင့်) ထိ ရန်ကုန်ကွင်းပတ် စက်ဘီးပြိုင်ပွဲနှင့် ဆုပေးပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘိန်းခင်းများ ဖျက်ဆီးရှင်းလင်း

မှုခင်း

16/03/19

နေပြည်တော် ၁၆ မတ်

နမ့်ခမ်းမြို့နယ်၊ ပန်းဆေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၁၅ ရက် နံနက်ပိုင်းတွင် တာကွန့်ကျေးရွာ အနီး၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း(၁)ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)

ပုသိမ်ကြီးမြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံး ခွဲခြမ်းများ ဖမ်းဆီးရမိ

မှုခင်း

16/03/19

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆) မိုင်စစ်ရေးစခန်း၌ ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်က ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ စစ်ဆေးရှာဖွေခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံး ခွဲခြမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်တွင်း

16/03/19

တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ ဇေယျာထက်စံဟိုတယ်၌ ကျင်းပခဲ့သည်။

ပုသိမ်ကြီးနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မှုခင်း

16/03/19

ပုသိမ်ကြီးမြို့နယ်၊ (၁၆) မိုင် စစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်ပေါ်မှ ခရီးသည် အောင်ကိုချစ်နှင့် ပြည်ဖြိုးတို့အားရှာဖွေရာ

အဖတ်များဆုံး သတင်း