Latest News
နောက်ဆုံးရသတင်းများ
သက်ရွာကျေးရွာထွက် သဲရေအိုးများ ရောင်းအားသွက်လျက်ရှိ
24/02/19
နွေဦးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မကွေးတိုင်းဒေသကြီး ပခန်းကြီးမြို့ဟောင်းအတွင်းရှိ သက်ရွာကျေးရွာထွက် ပြာသိုသဲရေအိုးများ ရောင်းအားသွက်လျက်ရှိပြီး ရေခပ်အိုးများနှင့် ထန်းမြူအိုးများ ရောင်းအားကျလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအား ဆက်သွယ်ထားသော ဆင်ဖြူရှင်တံတားလုံခြုံရေး ပိုမိုကြီးကြပ်ပေးရန် ဒေသခံများလိုလားနေ
24/02/19
ချင်းတွင်းမြစ်အားဖြတ်သန်းကာ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသော ဆင်ဖြူရှင်တံတားကြီးပေါ်တွင် လုံခြုံရေးလျော့နည်းလျက်ရှိသဖြင့် ဆင်ဖြူရှင်တံတား လုံခြုံရေးအား ယခင်ထက် ပိုမိုကြီးကြပ်ပေးရန် မကွေးတိုင်းဒေသကြီးဘက်ခြမ်း ဆင်ဖြူရှင်တံတားအနီးရှိ ဒေသခံကျေးရွာများမှ လိုလားလျက်ရှိကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသားထုတ်လုပ်မှု ကဏ္ဍများတွင် အသုံးပြုရန် ကျွဲ၊ ခိုင်းနွားနှင့် နွားနောက်ကောင်ရေ (၂၅ဝဝဝ)ကျော် မွေးမြူထား
24/02/19
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်း မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ အသားထုတ်လုပ်မှု ကဏ္ဍများတွင် အသုံးပြုနိုင်ရန်အတွက် ကျွဲ၊ ခိုင်းနွားနှင့် နွားနောက်(အသားစား) ကောင်ရေ (၂၅ဝ၇၅)ကောင် မွေးမြူထားကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ရုံးမှ သိရသည်။
မန္တလေးမြို့တွင် တိုင်းပြည်အနာဂတ်နှင့်လူငယ် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပ
24/02/19
တိုင်းပြည်အနာဂတ်နှင့် လူငယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
မြစ်သားမြို့၌ ပျော်ဘွယ်လေး-ဒါးရယ်ကောင်း စမုံမြစ် လူကူးတံတားတည်ဆောက်
24/02/19
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ပျော်ဘွယ်လေး-ဒါးရယ်ကောင်း စမုံမြစ် လူကူးတံတားအား ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေနှင့် ဒေသခံပြည်သူများက လုပ်အား၊ ငွေအားတို့ဖြင့် စုပေါင်းထည့်ဝင်၍ တည်ဆောက်ကြသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာ(၉)ရွာ၌ သောက်သုံးရေရရှိရေး ဆောင်ရွက်နေ
24/02/19
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာ၌ နွေရာသီ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဝီစိစက်ရေတွင်း (၉)တွင်း တူးဖော်လျက်ရှိရာ ယခုအခါ စက်ရေတွင်း (၃)တွင်း တူးဖော်ပြီးစီး၍ စင်မြင့်ရေစင်၊ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထန်းတက်သူနည်းလာ၍ ထန်းကုလားထိုင်များ ဈေးတက်
24/02/19
ထန်းတက်သူနည်းလာခြင်းကြောင့် ထန်းပက်လက် ကုလားထိုင်များ ဈေးတက်လာကြောင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရှမ်းတဲကျေးရွာရှိ ထန်းကုလားထိုင် ပြုလုပ်ရောင်းချသူများထံမှ သိရသည်။
အောင်ပန်းမြို့တွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
24/02/19
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ အောင်ပန်းမြို့ ရပ်ကွက်(၃) ပြင်သာလမ်းတွင် ဖေဖော်ဝါရီ ၂၃ ရက် ည ၉ နာရီခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
ခန္တီးမြို့တွင် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်
24/02/19
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးကျင်းပသော ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁ဝ နာရီက ခန္တီးမြို့နယ် ပြည်သူ့အားကစားခန်းမတွင် ကျင်းပသည်။
ပေါက်မြို့နယ်၌ ကြက်သွန်နီမျိုးနှံဥ စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုး
24/02/19
ပေါက်မြို့နယ်တွင် ကြက်သွန်နီစိုက် တောင်သူများ ကြက်သွန်မျိုးစေ့ ရရှိစေရေးအတွက် ကြက်သွန်နီမျိုးနှံဥ စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။