Latest News
နောက်ဆုံးရသတင်းများ
မြင်းခြံဒီဂရီကောလိပ် တောင်တက်အသင်း မြန်မာနိုင်ငံ၏ ဗဟိုချက်ဖြစ်သော ပြက္ခရွေတောင် တက်ရောက်
24/02/19
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ မြင်းခြံဒီဂရီကောလိပ်တွင် ခြေလျင်နှင့် တောင်တက်အသင်းသည် နှစ်စဉ် တောင်တက်ခြင်းကို ပြုလုပ်လာရာ ယခုနှစ် ဖေဖော်ဝါရီ (၂၃) ရက်တွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ မြန်မာနိုင်ငံ၏ ဗဟိုချက်ဖြစ်သော ပြက္ခရွေတောင်သို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဆေးတက္ကသိုလ်(၂)မှ ကျောင်းသားဟောင်း ဆရာဝန်ကြီးများမှ အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ဆေးဝါးကုသပေး
24/02/19
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်ပရဟိတအသင်းနှင့် ဆေးတက္ကသိုလ်(၂)မှ ကျောင်းသားဟောင်း ဆရာဝန်ကြီးများ ပူးပေါင်း၍ အခမဲ့ဆေးဝါးကုသပေးခြင်းကို အမှတ်(၂၉) မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ဖေဖော်ဝါရီ ၂၃ ရက်က လာရောက်ကုသပေးကြောင်း သိရသည်။
မောတောင်နယ်စပ်ဂိတ်၌ ထိုင်းနိုင်ငံတောင်ခြေဈေးမှ ဝယ်ယူသယ်ဆောင်လာသည့် အေးခဲအသား (၅၇)ကီလိုခန့်အား သိမ်းဆည်းဖျက်ဆီး
24/02/19
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာမြို့နယ် မောတောင်မြို့နယ်စပ်ဂိတ်၌ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၇ နာရီခွဲခန့်က ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ်
အိမ်မဲမြို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၀ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
24/02/19
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀) ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ပွဲကျင်းပ
24/02/19
ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ပွဲကို ဖေဖော်ဝါရီ (၂၄)ရက် နံနက် ၈ နာရီက ချောင်းသာ အုန်းကျွန်ထိပ်ကမ်းခြေမှစတင်၍ စပါးထားတံတားထိပ် ကမ်းခြေထိ ဆောင်ရွက်ခဲ့သည်။