Latest News
နောက်ဆုံးရသတင်းများ
ပါမောက္ခချုပ်ဆရာတော် ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း သုံးလ ရပ်ဆိုင်းထား
21/02/19
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်၊ မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ နာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ(Ph.D)အရှင်သူမြတ်သည် ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း အချိန် သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။
ကွမ်းလုံ၌ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိ
21/02/19
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူရေး အထူးအဖွဲ့မှ ချင်းရွှေဟော် - ကွမ်းလုံ ပြည်ထောင်စုလမ်းမပေါ်၌ ---------
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ဆက်လက် ကျင်းပ
21/02/19
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
သီတဂူအဘိဓဇစေတီတော် ထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပ
21/02/19
စစ်ကိုင်းတောင်းရို၊သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီအအတွင်းရှိ ဉာဏ်တော် (၃၇)ပေ အမြင့်ရှိ သီတဂူအဘိဓဇစေတီတော်၏ ထီးတော်တင်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း မြန်မာမှု ဗသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကံသာကျေးရွာတွင် ကျင်းပ
21/02/19
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီက နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကံသာကျေးရွာ၌ကျင်းပသည်။
မြို့ကြီးလေးမြို့တွင် ပထမအကြိမ် သနပ်ခါးပွဲတော် အခမ်းအနားများ ကျင်းပ
21/02/19
ယခုနှစ်မှ စတင်၍ တပို့တွဲလပြည့်နေ့ကို မြန်မာသနပ်ခါးနေ့ အဖြစ် သတ်မှတ်ကာ အရာတော်၊ ရွှေဘို၊ ရေစကြို၊ မြိုင် မြို့ တို့တွင် ပထမအကြိမ် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ၊ နံနက်ပိုင်းအချိန်က စတင်ကျင်းပခဲ့ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။
မိတ္ထီလာနှင့် သာစည် မြို့နယ်များတွင် ရောင်စုံမေမြို့ပန်းများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချလျက်ရှိ
21/02/19
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရှမ်းတဲ ၊ ရွာသာအေး ကျေးရွာများနှင့် သာစည်မြို ့နယ်ရွှေလှံ ၊ ညောင်အိုင်၊ကမ္ဘားမြင့်ကျေးရွာများတွင် ရောင်စုံမေမြို့ပန်းများကိုဒေသခံများက တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
သီတဂူဆရာတော်ကြီး မွေးနေ့ အထိမ်းအမှတ်အဖြစ် သံဃာအပါး ၃၀ဝ၀ နှင့်သီလရှင် ၁၀ဝ၀ အား ဆွမ်းကြီးလောင်းလှူမည်
21/02/19
သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ၏ သက်တော် ၈၂ နှစ်ပြည့် မွေးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် သံဃာအပါး ၃၀ဝဝ နှင့် သီလရှင်အပါး ၁၀ဝဝ ကို -----
အမျိုးသမီးအိမ်တွင်းမှု အခြေခံစက်ချုပ်သင်တန်း(၁/၂၀၁၉)ဆင်းပွဲကျင်းပ
21/02/19
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီးအိမ်တွင်းမှု အခြေခံစက်ချုပ် သင်တန်း(၁/၂၀၁၉)ဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့ နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက် သင်တန်း တစ်လကြာ ပို့ချ
21/02/19
ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ ကျေးလက်ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ---------