Latest News

နောက်ဆုံးရသတင်းများ

ဖယ်ခုံမြို့နှင့် မိုးမိတ်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

မှုခင်း

20/02/19

ဖယ်ခုံမြို့နယ်၊ ကာလကျေးရွာ အနောက်တောင်ဘက် ၃ ဖာလုံခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၀)ဧကခန့်အား ဖယ်ခုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေ ဦးစီးပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းမှ မသန်စွမ်းသူ ၆၁၉ ဦးအား ထောက်ပံ့ကြေးငွေ ၁၈၅ သိန်းကျော်ပေးအပ်

ပြည်တွင်း

20/02/19

မင်းဘူး(စကု)မြိ်ု့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၆၄ အုပ်စုနှင့် မန်းရေနံမြေနယ်မြေမှ မသန်စွမ်းသူများအား ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်တွင်း

20/02/19

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့် ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများ၏ (၁/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖေါ်ဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြေယာကိစ္စရပ်များနှင့် ပတ်သက်၍  လုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံဆွေးနွေး

ပြည်တွင်း

20/02/19

ကချင်ပြည်နယ်အတွင်းရှိ မြေယာအရေးကိစ္စများနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးသည်

ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ (၁/၂၀၁၉) အစည်းအဝေးကျင်းပ

ပြည်တွင်း

20/02/19

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကျင်းပပြုသော ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ (၁/၂၀၁၉)အစည်းအဝေးကို

စေတုတ္တရာမြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာ၌ တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် အိမ်ခြေတစ်ထောင်ကျော် မီးလင်းရေးဆောင်ရွက်ပေး          

ပြည်တွင်း

20/02/19

မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ မီးလင်းရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး

စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပြည်တွင်း

20/02/19

စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ (၂၀)ရက် နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ဈေးကြီးနှင့် ရပ်ကွက်အတွင်း ကုန်မျိုးစုံရောင်းချသည့် ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်ရေး သမိုင်းဝင်ကိုလိုနီခေတ် အဆောက်အအုံများအား ပြည်သူများအားလုံး ထိန်းသိမ်းသွားရန် လိုအပ်

ပြည်တွင်း

20/02/19

ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းဖြင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးတို့အတွက် မော်လိုက်မြို့ရှိ သမိုင်းဝင် ကိုလိုနီခေတ် အဆောက်အအုံများ၊ ဂေါက်ကွင်းများအား ရှေးမူမပျက် တည်ရှိစေရေး ပြည်သူများအားလုံး ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း ဖေဖေါ်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

Line Walker - 2 ဇာတ်ဝင်ခန်းတချို့ YMCA ခန်းမ၌ ဆက်လက်ရိုက်ကူး

ပြည်တွင်း

20/02/19

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ YMCA ခန်းမတွင် ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိမှ Line Walker - 2 (Operation Midnight Shadow) ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းတချို့ ဆက်လက်ရိုက်ကူး လျက်ရှိသည်။ 

အဖတ်များဆုံး သတင်း