Latest News

နောက်ဆုံးရသတင်းများ

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်မှ ကျောင်းသား/သူ ၂၀၇၃၀ ဝင်ရောက်ဖြေဆိုမည်

ပြည်တွင်း

20/02/19

၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စတင် ဖြေဆိုကြမည်ဖြစ်ရာ  ကရင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၀၇၃၀ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

မုံရွာမြို့နယ်တွင်ပထမအကြိမ် မြင်းအသားကျမောင်းနှင့် ဒုန်းမောင်းပြိုင်ပွဲကျင်းပ

ပြည်တွင်း

20/02/19

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေဇလုပ်ရပ်ကွက် မိုဃ်းကောင်းရှင်ပင်မြတ်ကြီးဗုဒ္ဓပူဇနိယပွဲတော်တွင် ပထမအကြိမ်အဖြစ် မြင်းအသားကျမောင်းနှင့် ဒုန်းမောင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂ဝ နှင့် (၂၁)ရက်နေ့တို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

ဇလွန်မြို့နယ် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပြည်တွင်း

20/02/19

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့် အင်ဂျင်နီယာအဖွဲ့သည် ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ကျုံအီကျေးရွာနှင့် အောင်သပြေ ကျေးရွာတို့အား ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ကျင်းပ

ပြည်တွင်း

20/02/19

စာကြည့်တိုက်များရေရှည်တည်မြဲစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာကြည့် တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာ ကြည့်တိုက်၌ ကျင်းပခဲ့သည်။

စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး ဆေးဝါးဆိုင်များအား ရှောင်တခင်စစ်ဆေး

ပြည်တွင်း

20/02/19

ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် စားသုံးသူများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးရှိ အိမ်သုံးဆေးဝါးဆိုင်နှင့် စိုက်ပျိုးရေးသုံးဆေးဝါးအရောင်းဆိုင်များအား ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

မိုးလေဝသ

20/02/19

၂၀ ဖေဖော်ဝါရီ


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

123

 

(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းတွင် ကျင်းပ

တိုင်းရင်းသား ရေးရာ

20/02/19

(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းတွင် ယနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်၌ ပထမအကြိမ်အဖြစ် ဆီမီးတစ်သောင်းထွန်းညှိ ပူဇော်ပွဲ  ကျင်းပ   

ပြည်တွင်း

20/02/19

တာချီလိတ်မြို့ ကျက်သရေဆောင် တာချီလိတ် ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ပထမအကြိမ် ဆီမီးတစ်သောင်းကပ် လှူပူဇော်ပွဲကို ဖေဖော်ဝါရီ ၁၉ရက်  ည ၇ နာရီက စည်ကားသိုက်မြိုက်စွာ ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။

ပင်လယ်ပြင် ခရီးအတွက် မိုးလေဝသ ခန့်မှန်းချက် 

မိုးလေဝသ

20/02/19

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်အရ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း သိရသည်။

မိုင်းယောင်းထပ်လုံလျောင်းတော်မူဘုရား ရေစက်ချလှူဒါန်းပွဲတွင် ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား

ပြည်တွင်း

20/02/19

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ထပ်လုံစွမ်ယောင်းစေတီတော်တွင် တည်ထားကိုးကွယ်သည့် ထပ်လုံလျောင်းတော်မူဘုရား ရေစက်ချလှူဒါန်းပွဲကို ဖေဖော်ဝါရီ ၁၉ ရက် (တပို့တွဲလပြည့်နေ့)က .....

အဖတ်များဆုံး သတင်း