Latest News
နောက်ဆုံးရသတင်းများ
ရှေးဟောင်းသမိုင်းဝင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
19/02/19
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မော်တင်စွန်းအငူတွင် တည်ထားကိုးကွယ်ထားသည့် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးရှိရာ ကမ်းခြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
19/02/19
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် လက်မှတ်ရေးထိုးပွဲကျင်းပ
19/02/19
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် (Country Programming Framework-CPF) လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ကျင်းပသည်။
မာန်အောင်မြို့နယ်၌ လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိမည်
19/02/19
ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်မြို့နယ်တွင် မေလကုန်မှစတင်၍ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး
19/02/19
ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာ အနောက်ဘက် ၃ ဖာလုံခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၈)ဧကခန့်အား ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင် ဦးစီးပူးပေါင်းအဖွဲ့မှ ယမန်နေ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
J & M သံမဏိစက်ရုံက သံမဏိသံပေါင်များ ပြည်တွင်း၌ သုံးစွဲနိုင်ရုံမက ပြည်ပသို့ပင် တင်ပို့နိုင်
19/02/19
မကြာမီဖွင့်လှစ်မည့် မြောင်းမြတံတားအပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တည်ဆောက်ဆဲ တံတားများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စော်ကဲ၊ ကျွန်းပြဿဒ်၊ ပင်လယ်လေးနှင့် ပုသိမ်တံတား၊ မွန်ပြည်နယ်ရှိ အတ္တရံတံတား၊ ချင်းပြည်နယ်ရှိ ပလက်ဝတံတားနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်တံတား အမှတ် (၃) တို့တွင် J & M သံမဏိစက်ရုံထုတ် သံမဏိသံပေါင်များကို အသုံးပြုတည်ဆောက်လျက်ရှိကြောင်း တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောသည်။
မင်းလှမြို့နယ်အတွင်း ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိ
19/02/19
မင်းလှမြို့နယ်အတွင်း တစ်တန်လျှင် ဒေသပေါက်ဈေး ငွေကျပ်သုံးသိန်းတန်ဖိုးရှိ ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
မြင်းခြံမြို့နယ်တွင် လင်မယားချင်းစကားများခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူမှ နေအိမ်မီးရှို့မှုဖြစ်ပွား
19/02/19
ဖေဖော်ဝါရီ ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၅) ရပ်ကွက်တွင် လင်မယားချင်း စကားများရန်ဖြစ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူမှ မကျေမနပ်ဖြစ်ကာ နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံ
19/02/19
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) လက်ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Ms.Kundhavi Kadiresan အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်
19/02/19
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဂျိုးဆက်ပ် အန်တိုနီ ကောတာသည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌