Latest News
နောက်ဆုံးရသတင်းများ
ဝေါမြို့နယ် တောစွန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်
19/02/19
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် တောစွန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကင်းတားရေလှောင်တမံ ရေဝပ်ဧရိယာအတွင်း တရားမဝင် သစ်ဆွဲရေယာဉ်များ၊ ကျူးကျော် နေထိုင်သူများအား ဥပဒေအရ အရေးယူသွားမည်
19/02/19
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်ရှိ ကင်းတားရေလှောင်တမံ ရေဝပ်ဧရိယာအတွင်း...........
ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ်ဖလား ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၁၁၃ သင်း ပါဝင်ယှဉ်ပြိုင်
19/02/19
ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်ဖလား ဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ပုံးလောင်းကျေးရွာရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီခွဲက စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြိုင်ပွဲဝင်ဘောလုံး အသင်းပေါင်း(၁၁၃)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် မြန်မာရိုးရာ ထမနဲထိုး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
19/02/19
မူဆယ် ၁၉ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၃ နာရီက ပြည်ထောင်စု အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
19/02/19
ဓနုဖြူမြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်းဇာတ်တိုက် လေ့ကျင့်မှုအား ဖေဖော်ဝါရီ ၁၈ ရက်၊ ညနေ ၃ နာရီက ပြုလုပ်ခဲ့သည်။
ရွှေသောင်ယံ-ချောင်းသာသွား ကားလမ်းမကြီးအား ချဲ့ထွင် ဖောက်လုပ်
19/02/19
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ လမ်းအရှည် (၈) မိုင်ရှိသော ရွှေသောင်ယံ၊ ချောင်းသာသွား ကားလမ်းမကြီးအား ပေ ၅၀ အကျယ် လမ်းချဲ့ဖောက်လုပ်ခြင်းကို ရွှေသောင်ယံမြို့ အမှတ်(၃) ရပ်ကွက်ရှိ ........
ကျောက်ဆည်မြို့နယ်တွင် အပင်တစ်သျှုးမျိုးပွားနည်း အခြေခံသင်တန်း ဖွင့်လှစ်
19/02/19
သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စိုက်ပျိုးရေးကဏ္ဍ၏ အရေးကြီးသည့် အပင်တစ်သျှူး မျိုးပွားနည်းသင်တန်း (၁/၂၀၁၉) ကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဇီဝနည်းပညာ သုတေသနဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆံတော်ရှင် မြသပိတ် စေတီတော် ဗုဒ္ဓပူဇနိယပွဲနှင့် မြန်မာနိုင်ငံတွင် အကြီးဆုံး နှီးဘုရား ရုပ်ပွားတော်မြတ်ကြီး ပူဇော်ပွဲ သထုံတွင် စည်ကားစွာကျင်းပ
19/02/19
မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်တောင်ထိပ်ရှိ ဆံတော်ရှင် မြသပိတ် စေတီတော်မြတ်ကြီး၏ (၆၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် -----
ဇီးကုန်းမြို့နယ်ရှိ ကုန်စုံဆိုင်၊ မုန့်ဆိုင်နှင့်စတိုးဆိုင်များတွင် နိုင်ငံခြားဆေးဝါးများ ရောင်းချခွင့် လိုင်စင်မရှိဘဲ ရောင်းချခြင်း မရှိစေရေး စစ်ဆေး
19/02/19
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ ကုန်စုံဆိုင်၊ မုန့်ဆိုင်နှင့် စတိုးဆိုင်များတွင် နိုင်ငံခြားဆေးဝါးများ ရောင်းချခွင့် လိုင်စင်မရှိဘဲ ရောင်းချခြင်းမရှိစေရေးအတွက် -----
မိခင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် အသိပညာ ဖွင့်လှစ်သင်ကြားပေးမည်
19/02/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် -----