Latest News
နောက်ဆုံးရသတင်းများ
ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် မသမာမှုကင်းရှင်းရေးအတွက် ကြိုတင်ဆောင်ရွက်ထား
13/02/19
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ယခုနှစ် မတ်လအတွင်းစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်ရှိ စာစစ်ဌာနအသီးသီးမှ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အောင်မြင်မှုရာခိုင်နှုန်း မြင့်မားရေးနှင့် မသမာမှုများ ကင်းရှင်းရေးအတွက် သက်ဆိုင်ရာကျောင်းများသို့ ပညာပေးမှုများ ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးထံမှသိရသည်။
မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပ
13/02/19
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတို့က ဦးဆောင်ကျင်းပသော မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားသည်။
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ ဖျော်ဖြေပွဲများ ရန်ကုန်မြို့ သခင်မြပန်းခြံ၌ စည်ကားစွာကျင်းပ
13/02/19
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒေါက်တာမျိုးသိမ်းကြီး လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး
13/02/19
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်
13/02/19
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ည ၇ နာရီ ထုတ်ပြန်ချက်အရ
ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးရေး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
13/02/19
ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်မဖြစ်စေရန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေသည့် လုပ်ငန်းရှင်များ စားသုံးအကာအကွယ်ပေးရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များ သိရှိလိုက်နာနိုင်ရန်
ဂေါက်သီးအားကစားနည်း စည်းမျဉ်းဆိုင်ရာ အစည်းအဝေးကို မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ ဒေါက်တာမြင့်ဦး တက်ရောက်
13/02/19
စကော့တလန်နိုင်ငံ၌ ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အထိ ကျင်းပသည့် ဂေါက်သီးအားကစားနည်း စည်းမျဉ်းဆိုင်ရာအစည်းအဝေးကို မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဂေါက်သီးစည်းမျဉ်းဆိုင်ရာ ဆပ်ကော်မတီ၊ ကျန်းမာရေးနှင့် တားမြစ်ဆေးဝါးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး တက်ရောက်ခဲ့သည်။
ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကင်ဆာရောဂါ ကာကွယ်ရေး သန်လျင်၌ အခမဲ့စမ်းသပ်
13/02/19
ချမ်းမြေ့မေတ္တာ အထူးကုဆေးရုံ(သန်လျင်)နှင့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကင်ဆာရောဂါ ကာကွယ်ရေးအတွက် အခမဲ့စမ်းသပ်ပေးခြင်းကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ ချမ်းမြေ့မေတ္တာဆေးရုံ ခန်းမဆောင်၌ ကျင်းပသည်။
စဉ့်ကူးမြို့နယ်တွင် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကျင်းပ
13/02/19
၂၀၁၈-၂၀၁၉ စိုက်ပျိုးရာသီ ပဲကြီးမျိုးထုတ်စိုက်ကွက်၊ ပဲကြီးစံပြစိုက်ကွက်၊ ပဲကြီးသုတေသန စိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းမှု တောင်သူနည်းပညာပေး ကွင်သရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက စဉ့်ကူးမြို့နယ် ခတက်ချဉ်စိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။
ရွှေကူမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
13/02/19
ရွှေကူမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက