Latest News

နောက်ဆုံးရသတင်းများ

အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲဒုတိယအဆင့်တွင် ရန်ကုန်အသင်း အဝေးကွင်း၌ ရှုံးနိမ့်

အားကစား

12/02/19

၂၀၁၉ ရာသီ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ယနေ့ညနေပိုင်းက ကျင်းပရာ မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းကို အဝေး¬ကွင်း၌ သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ခြေစစ်ပွဲမအောင်ခဲ့ကြောင်း သိရသည်။ 

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ကျင်းပ

ပြည်တွင်း

12/02/19

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

လာမည့်နှစ်ရက်အတွင်း မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေမည်

မိုးလေဝသ

12/02/19

နေပြည်တော် ၁၂ ဖေဖော်ဝါရီ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ည ၇ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေသည်။

(၇၂)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် မသန်စွမ်းသူများနှင့် မိသားစုဝင်များ စာပေနှင့် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကျင်းပ

ပြည်တွင်း

12/02/19

(၇၂)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများနှင့် မိသားစုဝင်များ၏ စာပေနှင့် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကို ရန်ကုန်မြောက်ပိုင်းခရိုင် မသန်စွမ်းသူများ  အသင်းအဖွဲ့များစုပေါင်း၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်၊ စံပယ်လမ်းရှိ ငြိမ်းအေးချမ်းသာ ဓမ္မာရုံတွင်စည်ကားစွာ ကျင်းပသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ မဲခွဲပွဲကို ဖေဖော်ဝါရီ  ၁၃ ရက်တွင် ပြုလုပ်မည်

အားကစား

12/02/19

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲတွင် MNL ၌ ယှဉ်ပြိုင်နေသည့် အသင်း ၁၂ သင်း၊ MNL-2 (ပထမတန်း)၌ ယှဉ်ပြိုင်နေသည့် အသင်းရှစ်သင်း၊ စုစုပေါင်း ၂၀ ဖြင့် ကျင်းပမည်ဖြစ်သည်။ 

မြစ်ကြီးနားမြို့၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသောအားဖြင့် မြန်မာ့ကျောက်စိမ်းရတနာ စိုက်ထူပြသ

ပြည်တွင်း

12/02/19

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ကျောက်စိမ်း ရတနာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆမားလမ်းနှင့် ဆွမ်ပရာဘွမ်လမ်း တြိဂံပန်းခြံတွင်း ကျောက်စိမ်းစိုက်ထူသည့်နေရာ၌ ကျင်းပသည်။

ရန်ကုန်မြို့တွင် ကျင်းပသည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၀ဝ၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့

ပြည်တွင်း

12/02/19

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပံ္ပ ကျိုက်က္ကဆံကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်း အခြေခံပညာ ကျောင်းပေါင်းစုံမှ အပြေးပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ ၂၀ဝ၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ပြည်တွင်း

12/02/19

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၏ အထင်ကရစေတီတစ်ဆူဖြစ်သည့် သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးအား လုံးတော်ပြည့် ရွေွှသင်္ကန်းရောင်တော်ပွင့် ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အဖတ်များဆုံး သတင်း