Latest News
နောက်ဆုံးရသတင်းများ
သုတဘဏ်စာတမ်းဖတ်ပွဲ ကျင်းပ
09/02/19
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူး၍ သုတဘဏ်စာတမ်းဖတ်ပွဲကို ယနေ့မွန်းလွဲ(၁) နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မအီမြို့များအတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့မှုများပေးအပ်
09/02/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မအီမြို့များအတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့မှုပေးအပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်များတွင် ညှိနှိုင်းဆွေးနွေး
09/02/19
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၌ ကျင်းပသည်။
ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၆) ဆက်လက်ကျင်းပ
09/02/19
၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၆) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ ထိပ်ဆုံးမှ MIC အသင်း ၁၆ ပွဲဆက် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၂၂ အသင်း၏ ပဏာမလူစာရင်း ၃၀ အထိရှိလာပြီး ဧရာဝတီနှင့် ခြေစမ်းမည်
09/02/19
၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ကစားသမားများ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရကစားသမား တစ်ဦးကို ပြန်လည်စေလွှတ်ကာ သုံးဦးအားဖြည့်ခဲ့သည်။ ထို့ကြောင့် မြန်မာ ယူ-၂၂ အသင်း၏ ပဏာမလူစာရင်းမှာ ၃၀ အထိရှိလာပြီး ဧရာဝတီအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသည်။
ဘုတလင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာအလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
09/02/19
၂၀၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာအလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ......
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရုပ်ရှင်အနုပညာရပ်ဝန်းရှိ စတူဒီယိုများနှင့် စတူဒီယိုအတွင်း ရုပ်ရှင်ရိုက်ကူးဆောင်ရွက်နေမှုများ ကြည့်ရှု
09/02/19
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်းအတွင်း ..........
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ တွေ့ဆုံညှိနှိုင်းပွဲကျင်းပ
09/02/19
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သား ၃၀ ဦးနှင့်အထက်ရှိပါက WCC ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများနှင့် ...........
ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဓာတ်တော်များ ပူဇော်ခွင့်ရအောင် ဆောင်ရွက်ခဲ့သူ ဒေါက်တာစယာမာ ပရဆာဒ်မူက(ရ်)ဂျီ အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကျောက်စာတိုင် စိုက်ထူဂုဏ်ပြု
09/02/19
သနန္တန ဓမ္မပါလကအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဓာတ်တော်များ ပူဇော်ခွင့်ရအောင် ဆောင်ရွက်ခဲ့သူ ....
တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(မြန်မာ) အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
09/02/19
တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(မြန်မာ) အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ်(၆) ကမ္ဘာအေးဘုရားလမ်းရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပသည်။