Latest News
နောက်ဆုံးရသတင်းများ
နေ့စဉ်ဘုရားဖူးဧည့်သည် (၁၀၀၀)ဝန်းကျင်ရှိသော တောင်ပုလတောင်တော်စေတီတွင် ဒူးရင်းသီး စတုဒိသာအလှူနှင့် သစ်ပင်စိုက်ပွဲတော်ကို မေလ၂၅ရက်တွင် ကျင်းပသွားမည်
09/05/24
ရန်ကုန် မေ ၈
နေ့စဉ်ဘုရားဖူးဧည့်သည် (၁၀၀၀)ဝန်းကျင်ရှိသော ပြင်ဦးလွင်မြိုနယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ပိတ်ချင်းမြောင်အနီးတွင် တည်ရှိသော တောင်ပုလတောင်တော်စေတီတွင် ဒူးရင်းသီးစတုဒိသာအလှူနှင့် သစ်ပင်စိုက်ပွဲတော်ကို မေ၂၅ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အရှင်ပညာဘောဂ(တောင်ပုလ)က မိန့်ကြားသည်။
သဘာဝလက်ဆောင်ကောင်းများကို စနစ်တကျ ထုတ်ယူသုံးစွဲ၍ သီးနှံစိုက်ပျိုးရေး ကောင်းမွန်တိုးတက်နေသော တပ်ကုန်းနယ်မြေ
09/05/24
အောင်ကောင်း(ရေ)
နိုင်ငံတော်၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် လယ်ယာကဏ္ဍတွင် အဓိကလိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေလုံလောက်စွာရရှိရေးသည် လွန်စွာ အရေးပါသဖြင့် မြေပေါ်ရေအရင်းအမြစ် မလုံလောက်သောနေရာများတွင် မြေအောက်ရေကိုပါ ထုတ်ယူသုံးစွဲစိုက်ပျိုးလျက်ရှိသည်။
ဒို့တောင်သူတွေ ဝင်ငွေတိုးဖို့ ပေါင်းစည်းလယ်ယာ လုပ်ကြစို့
09/05/24
မောင်အောင်
“အားလုံး မင်္ဂလာပါ။ ရောက်နေကြတာ ကြာပြီလားဗျာ”
အိမ်ဝိုင်းအတွင်း ဘကြီးအောင် ရောက်သွားတော့ ရွာသူရွာသား ၆ဝ-၇ဝ ခန့် အသင့်ရောက်ရှိနေသဖြင့် နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
“မကြာသေးပါဘူး။ စောစောကမှ ရောက်ကြတာပါ”။