Latest News

နောက်ဆုံးရသတင်းများ

ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် ၁/၂၀၂၄ သင်တန်းဆင်းပွဲကျင်းပ

ပြည်တွင်း

10/04/24

နေပြည်တော် ဧပြီ ၁၀

ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၄  သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

ပြည်တွင်း

10/04/24

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ် အထုတ်အပိုးတွေပြင်ထား ခေါင်းစဉ်ဖြင့် သတင်းတု/သတင်းမှား ဖြန့်ဝေကြောင်း စိစစ်တွေ့ရှိရ

ပြည်တွင်း

10/04/24

နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ် အထုတ်အပိုးတွေပြင်ထား ခေါင်းစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)က အရာရှိတစ်ဦးက ပြောကြောင်း အရာရှိအမည် မဖေါ်ပြဘဲ The Nation Voice မီဒီယာ ဆိုသူက သတင်းလွှင့်တင် ဖော်ပြထားမှုအပေါ် ဌာနမှအရာရှိများ အားလုံးအနေဖြင့် မည်သည့်မီဒီယာနှင့်မျှ ယင်းကဲ့သို့ ပြောကြားထားခြင်းမရှိကြောင်း၊ အလားတူ ၎င်းသတင်းပါ အကြောင်းအရာအား ညွှန်ကြားရေးမှူးချုပ်ထံသို့လည်း မည်သူကမျှ ဖုန်း/မက်ဆိတ်ချ် ပြောကြား/ပေးပို့ထားခြင်း မရှိကြောင်း စိစစ်သိရှိရသဖြင့် ၎င်းမှာ သတင်းတု/သတင်းမှား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း စိစစ်သိရှိရပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်း သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေး

ပြည်တွင်း

10/04/24

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် စာမတတ်သူများ၊ ကျောင်းမနေဖူးသူ ဒေသခံများ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်လာ၍ ဒေသတွင်းစာတတ်မြောက်ရေး မြှင့်တင်နိုင်ရန်အတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ဧပြီ ၆ ရက်က ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကညှော်(အ.ထ.က)ကျောင်းရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းတွင် သင်ကြားပို့ချနေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်

မိုးလေဝသ

10/04/24

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေပြည်တော်တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသည့် စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား သံတွဲမြို့၌ ကျင်းပ

ပြည်တွင်း

10/04/24


သံတွဲ ဧပြီ ၁၀

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက် ရှင်သန်နိုင်ရေးအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧပြီလ၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်များ

မိုးလေဝသ

10/04/24

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် မိုးလေ

အဖတ်များဆုံး သတင်း