Latest News
နောက်ဆုံးရသတင်းများ
တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
17/03/24
နေပြည်တော်၊ မတ်လ ၁၇
(၂၈)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ
17/03/24
နေပြည်တော်၊ မတ် ၁၇
(၂၈) ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပရာ သုတေသီများ၊ ပညာရှင်များ၊ ဇေယျာသီရိနှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများ တက်ရောက်၍ လယ်ယာထွက်ကုန် သီးနှံများ၏ စျေးကွက်အလားအလာများကို ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ ကြည့်ရှုစစ်ဆေး
17/03/24
နေပြည်တော်၊ မတ် ၁၇
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
17/03/24
နေပြည်တော်၊ မတ် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
(၉၂)ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲ စာအောင်ဆုနှင့် ဆုနှင်းသဘင်ကျင်းပ
17/03/24
ရန်ကုန်၊ မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း၏ (၉၂) ကြိမ်မြောက် ဘုရားဖြူဝိနည်း စာတော်ပြန်ပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက် ဘုရားဖြူကျောင်းတိုက်အတွင်းရှိ သံဃသမိတိကျောင်း၌ ကျင်းပသည်။