Latest News
နောက်ဆုံးရသတင်းများ
ကျောက်ဆည်မြို့နယ်၌ နွေးသီးနှံမျိုးစုံ စိုက်ပျိုးရန် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေ
13/03/24
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆည်၊ ကန်၊ တူးမြောင်းများအလိုက် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စသည့် စိုက်ပျိုးရေနည်းပညာပေး ရှေ့တန်းစခန်းများ၌ နွေသီးနှံများကို စိုက်ပျိုးလျက်ရှိရာ သင်းတွဲစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ ၉၁၇၉ ဧကလျာထား စိုက်ပျိုးလျက်ရှိပြီး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာမှ စိုက်ပျိုးရေးများ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာ့သိုင်း သင်တန်းအပါအဝင် နွေရာသီအားကစားသင်တန်း ငါးမျိုး အခမဲ့ဖွင့်လှစ်
13/03/24
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများ တက်ရောက်လျက်ရှိကြသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး ကုလားပဲရိတ် အငှားလိုက်သူများ နေ့စဉ်ဝင်ငွေရရှိ
13/03/24
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ကုလားပဲစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ...............
မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို
13/03/24
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို မတ် ၁၃ ရက် နံနက်ပိုင်းက အထက(၁၃) စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၁၆ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ရွှေတိုး
မိတ္ထီလာခရိုင်၌ ရေသောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၂၉၀၀၀ ကျော် စိုက်ပျိုးသွားမည်
13/03/24
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရေသောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၂၉၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့၌ မျှစ်ခါးများ စျေးကောင်းရ၍ တောင်သူများ ပျော်ရွှင်
13/03/24
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီချိန်ထွက်ရှိလာသည့် မျှစ်ခါးများ ပေါ်ဦးပေါ်ဖျားကာလတွင် ဝယ်ယူသူများပြားပြီး ...............
ဇလွန်မြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနေကြာ စံပြကွက် စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
13/03/24
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော ဖက်သောင်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ တောင်သူ ဦးရွှေထူး၏ ကွင်းအမှတ်(၁၈၄၂)၊ ဦးပိုင်အမှတ်(၄၅ /၂)တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းနေကြာ Supersun - 41 (၈)ဧက စံပြကွက် စံကွက် ရိတ်သိမ်းခြင်းကို မတ် ၁၃ ရက် နံနကပိုင်းက ပြုလုပ်ခဲ့သည်။
တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီသင်တန်းများဖွင့်လှစ်
13/03/24
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်စကားပြော၊ ကိုရီးယားစကားပြော၊ စစ်တုရင်နှင့် ပန်းချီသင်တန်းဖွင့်ပွဲကို မတ် ၁၃ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်၌ နွေရာသီ အခြေခံအားကစားသင်တန်းများဖွင့်လှစ်
13/03/24
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ အခြေခံအားကစားသင်တန်းများကို အနောက်ပိုင်းရပ်ကွက် မြို့နယ်အားကစားခန်းမနှင့် (KZG) ဖူဆယ်ဘောလုံးကွင်း၌ မတ် ၁၀ ရက်မှ ဧပြီ ၃ ရက်အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
(၁၅)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ အခမ်းအနား ကလောမြို့နယ်၊ ဘော်နင်းကျေးရွာ၌ ကျင်းပ
13/03/24
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု ဘော်နင်းဘုန်းတော်ကြီးကျောင်း၌ မတ် ၁၂ ရက် နံနက်ပိုင်းက (၁၅)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ အခမ်းအနား ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ၊ ကလောခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် တိုင်းရင်းသား ဧည့်သည်တော်များနှင့် ကလောမြို့နယ်ရှိ တောင်ရိုး တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။