Latest News
နောက်ဆုံးရသတင်းများ
ကန်ကြီးထောင့်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆို
13/03/24
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ကိုးခုတွင် မတ် ၁၃ ရက် နံနက်ပိုင်းက ကျောင်းသား ကျောင်းသူ ၇၀၁ ဦး သင်္ချာဘာသာရပ်ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)
ပွင့်ဖြူမြို့နယ်၌ ယနေ့အထိ နွေစပါးစိုက်ဧက ၄၅၁၉ ဧက စိုက်ပျိုးပြီးစီး
13/03/24
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး နွေစပါးသီးနှံ စိုက်ဧက ၃၁၂၈၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကာ ဒေသခံတောင်သူများက နွေစပါးသီးနှံ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မတ်လဆန်းမှ စတင်ပြီး မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံကို အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယနေ့အထိ နွေစပါးသီးနှံ စိုက်ဧက ၄၅၁၉ ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်-ပုသိမ်လမ်း ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
12/03/24
နေပြည်တော် မတ် ၁၂