Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်မြို့ရှိ တက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး
06/02/24
ရန်ကုန် ဖေဖော်ဝါရီ ၆
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မကွေးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေး
06/02/24
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်နည်းပညာရှင်များကို သတ်မှတ်စံနှုန်းများနှင့်အညီ ပျိုးထောင်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
06/02/24
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။
ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်
06/02/24
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မကွေးတိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များ ကွင်းဆင်းပံ့ပိုးကူညီ
06/02/24
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မြောက်ရှားတောကျေးရွာရှိ တောင်သူဦးခင်မောင်လွင်၏ ဆောင်းသီးနှံ (၃)ဧက အာလူးစံပြကွက်ကို ကြည့်ရှုအားပေးသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
06/02/24
၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းပဒံကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ စုပေါင်းရုံးအဆောက်အအုံအမှတ် (၂)ရှိ ရုံးနေရာ၌ ကျင်းပသည်။
နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်းသင်တန်း ဖွင့်လှစ်
06/02/24
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ်၊ ဝါးတိုးရပ်ကွက်ကြီးအနီး နှစ်(၇၀၀)ကျော် သက်တမ်းရှိ ကျီးနီကန်၏ ဝင်ရေစုဆောင်း သိုလှောင်ထားရှိမှုနှင့် ဒေသစိုက်ပျိုးရေ အကျိုးပြုမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်းသဲသောင်ပေါ်၌ တောငန်းခေါင်းကြားငှက် ကောင်ရေ ၄၀၀ ခန့် အုပ်စုလိုက် ထူးခြားစွာ လာရောက်ကျက်စား
06/02/24
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြားငှက် ကောင်ရေ ၄၀၀ ခန့် အုပ်စုလိုက် ထူးခြားစွာ လာရောက်ကျက်စားနေထိုင်လျက်ရှိမှုကို ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းမှ စတင်တွေ့ရှိခဲ့ရသည်။