Latest News
နောက်ဆုံးရသတင်းများ
နေ့စဉ်မိုးလေဝသသတင်း ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်
29/12/23
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ဈေးကွက်ဝယ်လိုအားရရှိထားသော မြန်မာ့ထောပတ်သီး ပို့ဆောင်မှုစရိတ် သက်သာသောနည်းလမ်းဖြင့် ထုတ်ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းနေ
29/12/23
အရည်အသွေးကောင်းမွန်သော ထောပတ်သီးများကို စိုက်ပျိုးထုတ်လုပ်၍ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ အိန္ဒိယနိုင်ငံ ထောပတ်သီးကုမ္ပဏီတစ်ခုမှ မြန်မာ့ထောပတ်သီးကိုဝယ်ယူရန် ကမ်းလှမ်းထားပြီး ဈေးကွက်ဖွံ့ဖြိုးမှုတွင် သယ်ယူပို့ဆောင်စရိတ် သက်သာစေမည့် ရေလမ်းခရီးမှ တင်ပို့နိုင်မှုဖြင့် ထုတ်ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ ကြိုးပမ်းလျက်ရှိသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား (Gold Plating) ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
29/12/23
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား(Gold Plating) ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေ့စဉ်မိုးလေဝသသတင်း မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်
29/12/23
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့ပန်းခြံလမ်း၌ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
29/12/23
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ပန်းခြံလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်ဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရွှေဘိုတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် စာပေဟောပြောပွဲ အခမ်းအနား ကျင်းပ
29/12/23
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် စာပေဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာတင်တင်ရီနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။