Latest News
နောက်ဆုံးရသတင်းများ
တောင်တွင်းကြီးမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
29/12/23
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မြင်ဇေယျ ရခိုင်ဘုရားကြီးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ဘိန်းစိုက်ခင်း ၂၄ ဒသမ ၅ ဧက ဝိုင်းဝန်းဖျက်ဆီး
29/12/23
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဖျက်ဆီးမှု ဆောင်ရွက်နိုင်ရန်အတွက် တောင်ပေါ်ဒေသ ကျေးရွာအုပ်စုများအတွင်းရှိ ဘိန်းစိုက်ခင်းများကို ဒီဇင်ဘာ ၂၅ ရက်မှစတင်၍ ပူးပေါင်းအဖွဲ့များက သွားရောက်ဖျက်ဆီးခဲ့ကြရာ ယနေ့ထိ ဘိန်းစိုက်ခင်း ၂၄ ဒသမ ၅ ဧက ဝိုင်းဝန်းဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
29/12/23
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ်၊(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ
29/12/23
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)ကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နတ်မောက်မြို့၌ ကွန်ကရစ်လမ်းသစ်ဖွင့်
29/12/23
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်တွင် နဒီလမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
မွန်ပြည်နယ်မှ လာမည့်နှစ်ဆားထုတ်လုပ်ရာသီတွင် ဆားတန်ချိန် ၄၇၀၀၀ ခန့်ထွက်ရှိရန် မျှော်မှန်းထား
29/12/23
မွန်ပြည်နယ်အတွင်း လာမည့်နှစ် ဆားထုတ်လုပ်ရာသီအချိန်တွင် ဆားကွင်းပေါင်း ၉၀ မှ ဆားတန်ချိန် ၄၇၀၀၀ ခန့်ထွက်ရှိရန် မျှော်မှန်းထားပြီး ပြည်တွင်းဆား စားသုံးမှုလုံလောက်စွာရှိ၍ ပြည်ပသို့တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းဌာနမှ သိရသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
29/12/23
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။