Latest News
နောက်ဆုံးရသတင်းများ
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဝန်ကြီးဌာနကိုယ်စားပြု တက္ကသိုလ်ဘောလုံးအသင်းမှ အားကစားသမားများအား တွေ့ဆုံ အမှာစကားပြောကြား
20/06/23
နေပြည်တော် ဇွန် ၂၀
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်များဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားပြု တက္ကသိုလ်ဘောလုံးအသင်းမှ အားကစားသမားများကို ယနေ့ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အိမ်ခြံမြေအကျိုးဆောင်နှင့် အဖိုးတန်သတ္တုရောင်းဝယ်ရေး လုပ်ငန်းများတွင် ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ
20/06/23
နေပြည်တော် ဇွန် ၂၀
အိမ်ခြံမြေအကျိုးဆောင်နှင့် အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှု အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Hotel Max ကျင်းပသည်။
ဘားအံ၊ မိုးကုတ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
20/06/23
နေပြည်တော် ဇွန် ၂၀
ဘားအံ၊ မိုးကုတ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာရန်ပုံငွေများ လွဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်
20/06/23
နေပြည်တော် ဇွန် ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာရန်ပုံငွေများ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
20/06/23
နေပြည်တော် ဇွန် ၂၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်စကားဝိုင်းကျင်းပ
20/06/23
နေပြည်တော် ဇွန် ၂၀
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲကျင်းပ
20/06/23
နေပြည်တော် ဇွန် ၂၀
ပြည်ထဲရေးဝန်ကြီးဌာန ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရိန္ဒမာခန်းမ၌ ကျင်းပသည်။