Latest News
နောက်ဆုံးရသတင်းများ
ဒုတိယဝန်ကြီး ဦးအေးထွန်း ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်
08/12/22
ရန်ကုန် ဒီဇင်ဘာ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းသည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ သမိုင်းဝင်ဟင်္သာကုန်း စေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ လေ့ကျင့်ရေးအထက်တန်းကျောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
08/12/22
ရန်ကုန် ဒီဇင်ဘာ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန် ပညာရေးတက္ကသိုလ် Learning HUB ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများနှင့် တွေ့ဆုံသည်။
ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
08/12/22
နေပြည်တော်၊ ဒီဇင်ဘာ ၈
ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ဒုတိယအသုတ်အဖြစ် ဆန်တန်ချိန် ၅၂၆၀ တန် ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ တင်ပို့
08/12/22
မြန်မာ-ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံ G to G သဘောတူညီမှုအရ မြန်မာ့ဆန်များကို ဘင်္ဂလားဒေ့ချ်နိုင်ငံမှ ဝယ်ယူလျက်ရှိရာ နိုဝင်ဘာ(၂)ရက်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ................
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
08/12/22
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ တာဝန်ရှိသူများနှင့်အတူ ..............
ကချင်ပြည်နယ်အတွင်း ဖွင့်လှစ်သည့် အခြေခံဂဟေဆက် သင်တန်းဖွင့်ပွဲ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အားပေး
08/12/22
ကချင်ပြည်နယ် အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်း ကော်မတီ၊ ပြည်နယ်အဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး ဆပ်ကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ................
အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်
08/12/22
အောက်မှာဖော်ပြထားတာကတော့ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ပဲဖြစ်ပါတယ်
Credit> မိုး/ဇလ
၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ
08/12/22
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ............
နေ့စဉ်မြစ်ရေခန့်မှန်းချက်
08/12/22
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၈.၁၂.၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်
Credit> မိုး/ဇလ